About Us!

Entrepreneurs in Myanmar

Entrepreneurs in Myanmar အင်တာနတ်စာမျက်နှာကို လာရောက်ဖတ်ရှု့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်ုပ်တို့ဟာ လေ့လာမှုကို မြတ်နိုးတဲ့ စွန့်ထွင်လူငယ်များအတွက် ရည်ရွယ်ပြီး ယခု အင်တာနတ်စာမျက်နှာကို လွှင့်တင်ခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ၂၀၁၁ က စလို့ စီးပွားရေးပိတ်ဆို့မှုတွေ ဖြေလျော့လာချိန်မှာ ကြိုးစားအားထုတ်မှုရှိတဲ့ လူငယ်များရဲ့ အောင်မြင်ချင်စိတ် များပြားလာခဲ့ပါတယ်။ ဒါပေမဲ့ အခြေအနေအရပ်ရပ်ကြောင့် လူငယ်များမှာ စီးပွားရေးလုပ်ကိုင်ဖို့ လိုအပ်တဲ့ ဗဟုသုတများနဲ့ ကင်းကွာပြီး ရယူဖို့အခွင့်အလမ်းများလည်း နည်းပါး ခဲ့ပါတယ်။ အခုအခါ မိုဘိုင်းအော်ပရေတာများရဲ့ ၀န်ဆောင်မှုတွေကြောင့် လူတိုင်းနီးပါး ဖုန်းကိုင်နိုင်လာသလိုပဲ အင်တာနတ်နဲ့လဲ ထိတွေ့ခွင့် ရခဲ့ကြပါတယ်။ အဲဒီ အခွင့်အရေးကို အသုံးချပြီးတော့ ဗဟုသုတ ကွက်လပ်တစ်ခု ကို ဖြည့်ဆည်းဖို့ ရည်ရွယ်ပြီး ရေးသားလွှင့်တင်ထားခြင်းပဲ ဖြစ်ပါတယ်။

ကျွန်ုပ်တို့၏ မျှော်မှန်းချက်

မြန်မာလူငယ်များ အောင်မြင်တိုးတက်မှုဆိုင်ရာ အချက်အလက်များမျှဝေပေးသော အွန်လိုင်းကျောရိုးတစ်ခုဖြစ်လာရန်။

ကျွန်ုပ်တို့၏ တာဝန်

အောင်မြင်တိုးတက်ရေးနှင့်သက်ဆိုင်သော ဆောင်းပါများ၊ သတင်းများနဲ့ အခွင့်အလမ်းများကို လူငယ်များထိတွေ့လွယ်သည့် အွန်လိုင်းမှတဆင့် ဆက်သွယ်ပေးပို့နိုင်ရန်။

ကျွန်ုပ်တို့၏ ရည်ရွယ်ချက်

၁။ မြန်မာလူငယ်များ စီးပွားရေးဆိုင်ရာ အတွေးအခေါ်များတိုးတက်လာစေရန်။
၂။ စွန့်ဦးတီထွင်ဆိုင်ရာ ဗဟုသုတများ တိုးတက်လာပြီး ကိုယ်ပိုင်လုပ်ငန်းငယ်များ စတင်လုပ်ကိုင်နိုင်စေရန်။
၃။ ၀ါသနာတူ လုပ်ငန်းရှင် (သို့မဟုတ်) လုပ်ငန်းတည်ထောင်လိုသည့် လူငယ်များ အချင်းချင်းမိတ်ဖွဲ့ ဆွေးနွေးနိုင်စေရန်။
၎။ မြန်မာလူငယ်များ အလုပ်အကိုင်၊ ပညာရေး အခွင့်အလမ်းများ စဉ်ဆက်မပြတ်ရရှိနိုင်စေရန်။