တကယ့်ခေါင်းဆောင်တွေ လုပ်တဲ့အရာ ၆ ခု

6 things true leaders do

အလုပ်ဝင်ကာစမှာ ကိုယ်တိုင်တာဝန်တစ်ခုကို လုပ်ဆောင်ရပြီးတော့ အဲဒီ ရလာတဲ့ အောင်မြင်မှုဟာလည်း ကိုယ်နဲ့ပဲဆိုင်တယ်လို့ ယူဆလို့ရပါတယ်။ အဲဒါကို Doer အလုပ်လုပ်သူ (ကိုယ်တိုင်လုပ်သူ) လို့ ခေါ်လို့ရပါတယ်။ ဒါပေမယ့် ကြာလာတာနဲ့ အမျှ ခေါင်းဆောင်နေရာရောက်လာရင်တော့ အပြောင်းအလဲဖြစ်လာပါပြီ။ အလုပ်လုပ်သူ ကနေပြီး အခြားသူတွေကို ဦးဆောင်ရတဲ့ ခေါင်းဆောင် Leader နေရာကို ပြောင်းလဲသွားပါပြီ။   အဲဒီအပြောင်းအလဲအတွက် သင့်ကို အကျိုးပြုမယ့် ဗျူဟာ ခြောက်ချက်ကို တင်ပြလိုက်ရပါတယ်။

၁။ သင့်ရဲ့အဖွဲ့အတွက် အောင်မြင်မှုဆိုတာ ဘာလဲ မြင်သာအောင်လို့ အဓိပ္ပွါယ်သတ်မှတ်ဖို့လိုပါတယ်။ ပြီးတဲ့အခါ အမြဲအမှတ်ရနေအောင် အချင်းချင်း သတိပေးဖို့လိုပါတယ်။

အောင်မြင်မှုရဲ့ အဓိပ္ပါယ်ကို ၃ x ၅ လက္မရှိတဲ့ ကဒ်ပေါ်မှာ ချရေးပါ။ အဲဒီအဓိပ္ပါယ်ဟာ လက်တွေ့ဆန်ပြီး ဘာကိုဆိုလိုလဲဆိုတာ သိနိုင်ရပါမယ်။ ပြီးတော့ သင်နဲ့ သင့်ရဲ့အဖွဲ့သားတွေအားလုံးအတွက် မှတ်မိလွယ်နေစေဖို့လည်း အရေးကြီးပါတယ်။

၂။ တစ်ယောက်စီအတွက် သူတို့ရဲ့ နေရာကဘာလဲ၊ သင်လိုချင်တဲ့ ရည်မှန်းချက်ကဘာလဲ ဆိုတာကို ရှင်းလင်းပြတ်သားစွာ ပြောပြထားရပါမယ်။

ဒါကလည်း ခေါင်းဆောင်တစ်ယောက်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲဒါကို တခါတလေမှာ အမှုမဲ့အမှတ်မဲ့ ဖြစ်တတ်ပါတယ်။ ၀န်ထမ်းများ အထူးသဖြင့် အသစ်တွေဆိုရင် မန်နေဂျာက သူတို့ဆီက ဘာကို မျှော်လင့်လဲဆိုတာ သိချင်ကြပါတယ်။

၃။ သင်အရာအားလုံး သိမနေနိုင်ဘူးဆိုတာ လက်ခံပါ။

ခေါင်းဆောင်တစ်ယောက်ဟာ အားလုံးသိမနေနိုင်ဘူးဆိုရင်တော့ ဒါဟာ ကသိကအောက်ကိစ္စတစ်ခုအဖြစ် မြင်စရာပါ။ ဒါပေမယ့် အဲလိုမြင်မယ့်အစား စိတ်သက်သာသလိုနေသင့်ပါတယ်။ ကိုယ် အဖွဲ့သားတွေအပေါ် ယုံကြည်နိုင်ရမယ်။ သူတို့ရဲ့ ကျွမ်းကျင်လိမ္မာရာ စွမ်းဆောင်ရည်ကို အားပြုသုံးစွဲရခြင်းအပေါ် နှစ်သက်ကျေနပ်နိုင်မယ် ဆိုရင်တော့ သင့်ရဲ့အဖွဲ့ဟာလည်း ပိုပြီးအားကောင်းလာမှာပါ။

၎။ သင့်ရဲ့ အဖွဲ့နဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးပါ။

ကောင်းစွာလည်ပတ်နိုင်တဲ့ လုပ်ငန်းတစ်ခုအတွက် လိုအပ်မှုတစ်ခုက နေ့စဉ်ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ၀န်ထမ်းတွေက ထိထိရောက်ရောက်နဲ့ ယုံကြည်မှုရှိရှိ ဖြေရှင်းနိုင်ခြင်းပါ။ သင်လုပ်နိုင်တဲ့ အကောင်းဆုံးအရာကတော့ သင်ဟာ အမြဲကူညီဖို့ အဆင်သင့်ရှိတယ်ဆိုတာ သင့်ဝန်ထမ်းတွေ ရှင်းရှင်လင်းလင်း သိနေစေဖို့ပါပဲ။

၅။ အတွေးစကို ဆွဲထုတ်နိုင်မယ့်မေးခွန်း၊ လက်တွေ့အကောင်အထည်ဖော်နိုင်မယ့် မေးခွန်းတွေ မေးပါ။

ကျွန်ုပ်တို့ လုပ်နေကျကတော့ ၀န်ထမ်းတွေကို ဟိုဟာလုပ် ဒီဟာလုပ်၊ ဒီဟာအတွက် ပိုက်ဆံပေးထားတာဘဲ ဆိုပြီး ခိုင်းစေတတ်ခြင်းပဲ ဖြစ်ပါတယ်။ ခိုင်းစေတာထက်စာရင် သူတို့ဥာဏ်ပွင့်လင်း သလောက် လုပ်တတ်အောင်လို့ အဖွင့်မေးခွန်းတွေမေးပြီး တွန်းအားပေးနိုင်ရပါမယ်။ အဲဒီလိုဆိုရင် သင့်ဟာ သင့်ရဲ့အဖွဲ့ကို နေရာပေးရာရောက်သလို သူတို့ရဲ့ ရှိရင်းအခြေအနေကနေ ပိုမိုတိုးတက်လာစေနိုင်ပြီး ဆန်းသစ်တီထွင်နိုင်မှုကိုလည်း အားပေးရာရောက်မှာပါ။

၆။ အဟန့်အတားတွေကို ဖယ်ရှားပြီး တွေဝေနေမှုတွေကို ရှင်းပစ်ပါ။

ခေါင်းဆောင်တစ်ယောက်အနေနဲ့ သင့်ရဲ့တာဝန်တစ်ခုက ၀န်ထမ်းတွေ ရင်ဆိုင်ရလာနိုင်တဲ့ ပြဿနာတွေကို ကြိုတင်မှန်းဆထားပြီး လိုအပ်တဲ့ အရေးပေါ်အစီအစဉ်တွေကို ဖန်တီးထားရပါမယ်။ ဒါမှသာ အဲဒီပြဿနာတွေ ကြုံလာရင် သင့်ရဲ့ ၀န်ထမ်းတွေ ဖြေရှင်းနိုင်ဖို့ အဆင်သင့်ပြင်ပြီး ဖြစ်နေပါလိမ့်မယ်။

ထိရောက်တဲ့ ခေါင်းဆောင်မှုဆိုတာ ရဖို့ ခက်ခဲပါတယ်။ ပြီးတော့ သင့်ရဲ့ အတွင်းစိတ်မှာရှိတဲ့ ငါကိုယ်တိုင်လုပ်မယ်ဆိုတဲ့စိတ်ကို ဖျောက်ဖျက်ရလည်း ခက်ပါတယ်။ ဒါပေမယ့် အထက်မှာ ဖော်ပြထားတဲ့ ခေါင်းဆောင်မှု နည်းနာတွေကို သိနားလည်ထားမယ်ဆိုရင် သင့်ရဲ့ အဖွဲ့နဲ့ ကုမ္ပဏီအပေါ်ကို အကျိုးကျေးဇူး ရယူနိုင်ပါလိမ့်မယ့်။ ပြီးတော့ သင့်ရဲ့ အလုပ်ကိုလည်း ပိုကျေနပ်ပြီး ကိုယ့်ကိုယ်ကို အားမရတာတွေလည်း လျော့နည်းလာမှာ ဖြစ်ပါတယ်။

 

Peter Diamond

Contributor

Certified Coach and Author

http://www.entrepreneur.com/article/248047

 

Leave a Reply

Your email address will not be published. Required fields are marked *