သင့်စီးပွားရေးလုပ်ငန်းအတွက် ၀ဘ်ဆိုဒ်က ဘာလို့ အရေးကြီးတာလဲ။

ဝဘ်ဆိုဒ်ဆိုတာ စာမျက်နှာတွေအများကြီးပါတဲ့ ဒိုမိန်းတစ်ခုဆိုတာ သိကြပါတယ်။ ကျွန်တော်တို့တွေ သိသင့်ပေမယ့် မသိကြတဲ့ ၀ဘ်ဆိုဒ်ရှိခြင်းရဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် စီးပွားရေးလုပ်ငန်း အတော်များများ ၀ဘ်ဆိုဒ်မရှိကြသလို အဲဒါရဲ့အကျိုးကျေးဇူးတွေလဲ မသိကြပါဘူး။ ခုဆိုရင် မိုးဘိုင်းအော်ပရေတာများ အင်တာနတ်ကို လူတိုင်းလက်လှမ်းမှီအောင် ပေးနိုင်လာတာမို့ ဖုန်းကိုင်တဲ့သူတော်တော်များများဟာ အွန်လိုင်းနဲ့ ထိတွေ့လာကြပါပြီ။ ဒါကြောင့် ၀ဘ်ဆိုဒ်မရှိခြင်းဟာ သင့်ရဲ့ စီးပွားရေးလုပ်ငန်း အခွင့်အလမ်းတွေ ဆုံးရှုံးစေနိုင်ပါတယ်။ ဒါဆို ၀ဘ်ဆိုဒ်က သင့်ရဲ့ စီးပွားရေးလုပ်ငန်းကို ဘာတွေ အကျိုးပြုနိုင်သလဲ ကြည့်ကြရအောင်။

websiteအချိန်မရွေးကြည့်ရှု့ဝယ်ယူနိုင်ခြင်း

သင့်ရဲ့ဝဘ်ဆိုဒ်နဲ့ ဆိုရှယ်မီဒီယာတွေဟာ ၂၄ နာရီ၊ ခုနှစ်ရက်ပတ်လုံး ကြည့်ရှု့လို့ရပါတယ်။ ဥပမာလေး တစ်ခုကို စဉ်းစားကြည့်ပါ။ စတိုးဆိုင်တစ်ခုကို သင်ကြိုးစားသွားခဲ့တဲ့နောက် စတိုးဆိုင်ပိတ်တာကို သင်မြင်လိုက်ရတယ်ဆိုပါစို့၊ သင်ဘယ်လိုခံစားရမလဲ။ အဲလို ခိုးလိုးခုလုခံစားချက်က သင့်ရင်ထဲမှာ ထင်ကျန်နေပြီးတဲ့နောက် သင်ဟာ ပိုပြီးသွားရောက်ဖို့၊ ကြည့်ဖို့ လွယ်မယ့်ဆိုင်ကိုပဲ နောက်တစ်ခါရွေး တော့မှာပါ။ သင့်ရဲ့ ၀ဘ်ဆိုဒ်က အချိန်တိုင်းမှာ အလုပ်လုပ်နေတဲ့အတွက်ကြောင့် သင့်ရဲ့ ဖောက်သည်တွေ သင့်ရဲ့ဝဘ်ဆိုဒ်ကို လွယ်လင့်တကူ ဘယ်အချိန်မဆို ရှာဖွေကြည့်ရှု့နိုင်မှာပါ။

သက်တောင့်သက်သာရှိခြင်း

ပူပြင်းတဲ့ လမ်းမပေါ်မှာ ကားမောင်းရင် စတိုးဆိုင်တွေ လိုက်ရှာရတာထက် ကိုယ့်ကွန်ပြူတာရှေ့မှာပဲ သက်တောင့်သက်သာထိုင်ရင်း စတိုးဆိုင်ကို ကြည့်နေရတာ ဘယ်ဟာက ပိုပြီး ကောင်းမလဲ။ သင်သာ ကားမောင်းနေရတာကို ပျော်တဲ့သူမဟုတ်ရင်တော့ အဖြေကတော့ ရှင်းပါတယ်။ ဒါကြောင့် စမတ်ကျတဲ့ စီးပွားရေးလုပ်ငန်းတွေက သူ့ရဲ့ ၀ဘ်ဆိုဒ်မှာ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုဆိုင်ရာတွေကို သေချာစွာ ဖော်ပြထားပါတယ်။ သူ့ရဲ့ အလားအလာရှိတဲ့ ဖောက်သည်တွေက အွန်လိုင်းမှာ ရှာဖွေကြည့်လိုက်တာနဲ့ အဆိုပါ ကုန်ပစ္စည်းတွေကို လေ့လာကြည့်ရှု့နိုင်ပါတယ်။

ယုံကြည်မှုကို တည်ဆောက်နိုင်ခြင်း

ဝဘ်ဆိုဒ်တစ်ခုရှိခြင်းကြောင့် သင့်ရဲ့ဖောက်သည်တွေရဲ့ ယုံကြည်မှုတိုးတက်လာအောင် သင့်စီးပွားရေးလုပ်ငန်းနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်တွေ၊ အခြားသူတွေရဲ့ မှတ်ချက်ပေးမှုတွေ ဖော်ပြနိုင်တဲ့ အခွင့်အရေးရရှိမှာဖြစ်ပါတယ်။ လူအများစုက ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေ မ၀ယ်ယူခင်မှာ အရင်ဆုံး အင်တာနတ်မှာ ရှာဖွေလေ့လာကြပါတယ်။ အဓိကကတော့ သူတို့ယုံကြည်မှု တည်ဆောက်လိုကြလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ၀ဘ်ဆိုဒ်ကို သုံးပြီးတော့ သင့်ရဲ့ စားသုံးသူတွေကို ဆက်လက်ပြီး ၀န်ဆောင်မှုပေးရင်းနဲ့ သင့်ရဲ့လုပ်ငန်းအပေါ် ယုံကြည်မှုကို တိုးတက်တည်ဆောက် ရနိုင်ပါတယ်။

ရောင်းချခြင်း

ရောင်းလို့မရတာ၊ ကိုယ်ထုတ်လုပ်သလောက်မရောင်းရတာတွေကြောင့် သင့်စီးပွားရေးကျဆင်း တတ်ပါတယ်။ သင့်ရဲ့ ကုန်ပစ္စည်းတွေ၊ ၀န်ဆောင်မှုတွေ ရောင်းချရနိုင်ဖို့ အွန်လိုင်းမှာ တစ်နေရာရှိနေခြင်းက သင့်အတွက် ကောင်းပါတယ်။ အတိုချုပ်ပြောရမယ်ဆိုရင် လူတွေအားလုံး သင့်ရဲ့လုပ်ငန်းအကြောင်းကို မြင်နေနိုင်တဲ့အတွက် ဖောက်သည်ပိုရလာဖို့ အခွင့်အလမ်း ပိုများပါတယ်။ ဖောက်သည်တွေ၊ လာကြည့်သူတွေ ပိုများလာလေ သင်ပိုပြီးရောင်းရလေဖြစ်လာမှာပါ။ ပိုပြီးရောင်းရလေ သင်နဲ့ သင့်စီးပွားဖက်တွေ ပိုပျော်လေဖြစ်မှာပါ။

ဈေးကွက်ဖော်ဆောင်ခြင်း (Marketing)

ဝဘ်ဆိုဒ်တစ်ခုရှိနေခြင်းဟာ သင့်လုပ်ငန်းကို အွန်လိုင်းမှာ ဈေးကွက်ဖော်ဆောင်ဖို့ အခွင့်အရေး ရစေပါတယ်။ သင့်လုပ်ငန်းကို ကြော်ငြာဖို့ နည်းလမ်းပေါင်းများစွာ ရှိပါတယ်။ အွန်လိုင်းဈေးကွက်ဖော်ဆောင်နည်းလမ်းတွေဟာ တကယ်ပဲ ထိရောက်လှပါတယ်။ သင့်လုပ်ငန်း အမျိုးအစားပေါ်မူတည်ပြီး ရွေးချယ်ရမှာပါ။

စီးပွားရေးလုပ်ငန်းတိုင်းမှာ ၀ဘ်ဆိုဒ်တစ်ခုရှိနေဖို့ အလွန်အရေးကြီးပါတယ်။ သင့်ဝဘ်ဆိုဒ်က ပိုပြီး ပရော်ဖက်ရှင်နယ် ဆန်လေလေ သင့်အတွက် အကျိုးကျေးဇူးတွေ ပိုများလေလေ ဖြစ်ပါတယ်။

ဝဘ်ဆိုဒ်တစ်ခုကို ဈေးနှုန်းချိုသာစွာနဲ့ အရည်အသွေးရှိရှိ တည်ဆောက်ချင်တယ်ဆိုရင် ဒီနေရာမှာ လေ့လာကြည့်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *