အလုပ်လုပ်စရာ နေရာတစ်နေရာ

လုပ်ငန်းတစ်ခု စတည်ထောင်လို့ပဲဖြစ်ဖြစ်၊ တစ်ကိုယ်တည်း Freelance ပဲလုပ်လုပ် အလုပ်လုပ်လို့ကောင်းမယ့် နေရာတစ်ခုရှိမှပဲ အချိန်တိုအတွင်း အလုပ်ကို ဖိဖိစီးစီးလုပ်နိုင်မှာ ဖြစ်ပါတယ်။ သာမန်စဉ်းစားကြည့်မယ်ဆိုရင် အလုပ်လုပ်စရာနေရာတစ်ခုရဖို့ ရုံးခန်းငှားမလား။ ရုံးခန်းငှားမယ်ဆိုရင်တော့ ကုန်ကျစာရိတ်လွန်စွာ ကြီးမားမှာ ဖြစ်တယ်။ ၀န်ထမ်းလည်းငှားရဦးမယ်၊ ရေဖိုး၊ မီးဖိုး၊ အင်တာနတ်နဲ့ ပရိဘောဂဖိုးတွေ ကုန်ကျဦးမယ်။ ဒီတော့ ဘတ်ဂျက်အကန့်အသတ်ရှိတဲ့ သူတွေအဖို့တော့ မလွယ်ပါဘူး။ နောက်တစ်နည်းကတော့ အိမ်မှာပဲ ရုံးခန်းလေးတစ်ခုသဖွယ် စာပွဲလေးနဲ့ အလုပ် လုပ်မလား။ အပေါ်ယံကြည့်ရင်တော့ ကောင်းသလိုထင်ရပေမယ့် ကိုယ့်ကို စိတ်ရှုပ်ထွေးစေမယ့် အနှောက်အယှက်တွေ ၀င်လာဖို့ အတော်လွယ်ကူပါတယ်။ မိသားစုနဲ့ နေရသူတွေအဖို့ အလုပ်ကို စူးစူး စိုက်စိုက် လုပ်လို့ရဖို့ မလွယ်ကူပါဘူး။ ဒါဆို မိသားစုနဲ့ဝေးရာ ကော်ဖီဆိုင်ကောင်းကောင်းတစ်ခုမှာ လုပ်မယ်ဆိုရင်ကော။ ဒါလဲ မထူးပါဘူး။ ဆူညံသံတွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့ ပတ်ဝန်းကျင်က ကောင်းကောင်းဒုက္ခပေးမှာပါ။ ဒါဆို ဘယ်လိုလုပ်မလဲ။

စွန့်ဦးတီထွင်လူငယ်တွေ နဲ့ Freelancer တွေအတွက် အထူးခြားဆုံး ရွေးချယ်နိုင်တဲ့နေရာတွေကတော့ Co-working space တွေပဲဖြစ်ပါတယ်။ နာရီအလိုက်၊ နေ့အလိုက်၊ လအလိုက် ငွေပေးချေလို့ရလို့ ငွေကြေး အကန့်အသတ်ရှိနေရင် ကိုယ့်ဘက်ဂျက်ပေါ်မူတည်ပြီး ကစားလို့ရပါတယ်။ ကျွန်တော်သိသလောက်တော့ နေ့စဉ်ကြေး ၃၀၀၀ ကနေပြီး တစ်နာရီ ၄ ဒေါ်လာလောက်အထိ ရှိပါတယ်။ အင်တာနတ် နဲ့ ကော်ဖီ၊ ပရိဘောဂအသုံးအဆောင် စတာတွေပဲ ကိုယ်ယူမယ့်ဝန်ဆောင်မှုပေါ်မူတည်ပြီး ရနိုင်တာမို့ တစ်နေရာတည်းမှာ အဆင်ပြေပြေနဲ့ သုံးနိုင်မှာပါ။ ဘေးပတ်ဝန်းကျင်မှာလဲ သူလိုကိုယ်လို အလုပ်လုပ်နေကြတဲ့ သူတွေချည်းပဲ ရှိနေတာမို့ Networking လုပ်ချင်သူတွေအတွက် ကစားကွင်းတစ်ကွင်းလို ဖြစ်နေမှာပါ။ တချို့အဖွဲ့အစည်း သို့မဟုတ် ကုမ္ပဏီတွေက Serviced Office၊ Virtual Office လို ၀န်ဆောင်မှုတွေလည်း ပေးပါသေးတယ်။ Serviced Office ဆိုတာက အခန်းအကျယ်ကြီးမှာ ပရိဘောဂ အစုံအလင်ပါတဲ့ ရုံးခန်းတစ်ခုကို ဆိုလိုပါတယ်။ အဲဒီမှာ လုံခြုံရေး နဲ့ သန့်ရှင်းရေးအပြင် ရေ၊ မီး၊ အင်တာနတ် စတာတွေပါ ပါဝင်ပြီးသားပါ။ Virtual Office ကတော့ ကိုယ့် Office အနေနဲ့ လိပ်စာတပ်လို့ရမယ့် ၀န်ဆောင်မှုပါပဲ။28_kanaung-hub

Co-working space ပဲဖြစ်ဖြစ် Serviced Office ပဲဖြစ်ဖြစ် ဈေးနှုန်း အမျိုးအစား အမျိုးမျိုး ရှိတယ်ဆိုပေမယ့် Start-up တွေအတွက်တော့ ရုံးခန်းအတွက် ခေါင်းကိုက်ရတာ သက်သာစေမယ့် ရွေးချယ်စရာတွေပါပဲ။ Co-working space နဲ့ Serviced Office ၀န်ဆောင်မှု ရနိုင်တဲ့ နေရာတွေကို စုံစမ်းရသလောက် ဖော်ပြပေးလိုက်ပါတယ်။ ဒီအထဲမှာ မပါခဲ့ရင်လည်း မိတ်ဆွေတို့ သိတဲ့နေရာတွေကို Comment မှာ ဖော်ပြလို့ရပါတယ်…

Kanaung Hub

www.kanaunghub.com

012305366

Building 14, 4th floor, MICT Park

Phandeeyar

www.phandeeyar.org

09 2600 72463 / 099 707 320 67

MAC Tower, 11th floor, 561, Marchant Road

Officecubed

www.officecubed.co

018550745, 095093922

No. 7, Lay Daunt Kan Road, Thingangyun Township

Building Markets Myanmar

01252252

www.buildingmarkets.org

26 (B), Yaw Min Gyi Street, Yangon

Office Hub

01387947

www.officehubservices.com

No. 129, 36th Street, Kyauktada Township

My Yangon Office

www.myyangonoffice.com

09422460619

42 A, Pantra Street, Dagon Township

Hintha Serviced Office

www.hinthabusinesscentres.com

014413410

Floor 3, 608 Merchant Road (Corner of Merchant and 31st ), Pabedan Township

Leave a Reply

Your email address will not be published. Required fields are marked *