Category Archives: Blog

01_7-tips-to-be-a-millionaire_featured

ချမ်းသာကြွယ်ဝမှုဆီရောက်အောင် ပို့ပေးမယ် အချက် ခုနှစ် ချက်

မီလျံနာဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုပြီးတော့ လူတော်တော်များများ ကျွန်တော့်ဆီကို စာရေးကြပါတယ်။ သူတို့က “ဒါဟာ ကံနဲ့ပဲဆိုင်တယ်။ ချမ်းသာတဲ့ မိဘက မွေးလာမှ၊ ထီပေါက်မှ၊ မိဘတွေက ရေဆုံးမြေဆုံး ကူညီမှ ချမ်းသာမယ်” လို့ဆိုကြတယ်။ ကလေးငါးယောက်ရှိတဲ့ မုဆိုးမတစ်ယောက်ကတော့ “ ဒန်နီရယ်.. ကျွန်မက ရှင့်စာတွေဖတ်ပြီး ရှင်ပြောတာတွေကို ယုံပါတယ်။ ဒါပေမယ့် ကျွန်မက အသက်ငါးဆယ်ရှိပါပြီ။ အလုပ်နှစ်ခုမှာ အလုပ်ချိန် အကြာကြီးအလုပ်လုပ်ရပါတယ်။ အခု ခရစ်စမတ်မှာ ကျွန်မကလေးတွေကို လက်ဆောင်ဝယ်ပေးဖို့ငွေတောင် အလုံအလောက်မရှိပါဘူး။ ကျွန်မဘာဆက်လုပ်ရမှာလဲ။’’နောက် အမျိုးသားတစ်ယောက်ကတော့ “ခင်ဗျား အစိုးရ၀န်ထမ်း ဒါမှမဟုတ် အန်ဂျီအိုဝန်ထမ်းဖြစ်နေမယ်ဆိုရင် မီလျံနာဖြစ်ဖို့ ဘယ်လိုမှ မျှော်လင့်လို့ မရပါဘူး။ ခင်ဗျားမှာ သူတို့ ပုံသေသတ်မှတ်ပေးထားတဲ့ လစာရှိတယ်။ ကျန်တဲ့အချိန်နည်းနည်းလေးမှာ ဘာလုပ်လို့ရမှာလဲ။ ခင်ဗျား အိမ်ပြန်ရောက်ပြီဆိုတာနဲ့ ခင်ဗျားနဲ့ ကစားဖို့စောင့်နေတဲ့ သားသားတွေမီးမီးတွေနဲ့ အချိန်ကုန်ပြီ။” ဒီမေးခွန်းတွေကြောင့် လူတစ်ယောက်ချမ်းသာနိုင်ချေ

Read more
28_kanaung-hub

အလုပ်လုပ်စရာ နေရာတစ်နေရာ

လုပ်ငန်းတစ်ခု စတည်ထောင်လို့ပဲဖြစ်ဖြစ်၊ တစ်ကိုယ်တည်း Freelance ပဲလုပ်လုပ် အလုပ်လုပ်လို့ကောင်းမယ့် နေရာတစ်ခုရှိမှပဲ အချိန်တိုအတွင်း အလုပ်ကို ဖိဖိစီးစီးလုပ်နိုင်မှာ ဖြစ်ပါတယ်။ သာမန်စဉ်းစားကြည့်မယ်ဆိုရင် အလုပ်လုပ်စရာနေရာတစ်ခုရဖို့ ရုံးခန်းငှားမလား။ ရုံးခန်းငှားမယ်ဆိုရင်တော့ ကုန်ကျစာရိတ်လွန်စွာ ကြီးမားမှာ ဖြစ်တယ်။ ၀န်ထမ်းလည်းငှားရဦးမယ်၊ ရေဖိုး၊ မီးဖိုး၊ အင်တာနတ်နဲ့ ပရိဘောဂဖိုးတွေ ကုန်ကျဦးမယ်။ ဒီတော့ ဘတ်ဂျက်အကန့်အသတ်ရှိတဲ့ သူတွေအဖို့တော့ မလွယ်ပါဘူး။ နောက်တစ်နည်းကတော့ အိမ်မှာပဲ ရုံးခန်းလေးတစ်ခုသဖွယ် စာပွဲလေးနဲ့ အလုပ် လုပ်မလား။ အပေါ်ယံကြည့်ရင်တော့ ကောင်းသလိုထင်ရပေမယ့် ကိုယ့်ကို စိတ်ရှုပ်ထွေးစေမယ့် အနှောက်အယှက်တွေ ၀င်လာဖို့ အတော်လွယ်ကူပါတယ်။ မိသားစုနဲ့ နေရသူတွေအဖို့ အလုပ်ကို စူးစူး စိုက်စိုက် လုပ်လို့ရဖို့ မလွယ်ကူပါဘူး။ ဒါဆို မိသားစုနဲ့ဝေးရာ ကော်ဖီဆိုင်ကောင်းကောင်းတစ်ခုမှာ လုပ်မယ်ဆိုရင်ကော။ ဒါလဲ မထူးပါဘူး။ ဆူညံသံတွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့ ပတ်ဝန်းကျင်က ကောင်းကောင်းဒုက္ခပေးမှာပါ။ ဒါဆို ဘယ်လိုလုပ်မလဲ။

Read more
27_Real-state-condition_featured

မြန်မာနိုင်ငံရဲ့အိမ်ခြံမြေဈေးတည်ငြိမ်စေဖို့….

ရန်ကုန်၊ ၂၂ ဒီဇင်ဘာ ၂၀၁၅: မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးနှူန်းများမှာ အခြားသော အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်မည်ဆိုလျှင် မြင့်မားလွန်းသည့်အခြေအနေတွင်တည်ရှိနေပါသည်။ ပြည်တွင်းအိမ်ခြံမြေဈေးကွက်အား ပိုမိုဖွံ့ဖြိုးစေရန်နှင့် နိုင်ငံတကာမှ အိမ်၊ခြံ၊မြေ၀ယ်လိုအားများ နှင့် ရင်းနှီးမြုပ်နှံလိုသူများ၏

Read more
15_bad-habits-featured

စွန့်ဦးတီထွင်လုပ်ငန်းရှင်မဖြစ်ခင် စွန့်လွှတ်ရမယ့် အကျင့်ဆိုး ၁၀ ခု

ကျွန်ုပ်တို့အားလုံးမှာ အကျင့်ဆိုးတွေရှိကြပါတယ်။ ဒါပေမယ့် ကျွန်ုပ်တို့ အများစုဟာ အဲဒီအကျင့်ဆိုးတွေကို ရောင့်ရဲစွာနဲ့ပဲ အနာဂတ်ကို သယ်ဆောင်သွားတတ်ကြပါတယ်။ သေချာတာကတော့ အဲဒီအကျင့်ဆိုးတွေက ကျွန်ုပ်တို့ကို အလုပ်မှာ နှောင့်နှေးစေပါတယ်၊ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။ သင်ဟာ စွန့်ဦးတီထွင်လုပ်ငန်းရှင် တစ်ဦးဖြစ်ဖို့ ရည်မှန်းထားရင်တော့ အားလုံးကို ပြောင်းလဲပစ်ရတော့မှာပါ။ သင့်မှာ ရည်မှန်းချက်ရှိပြီ၊ လွတ်လပ်မှုရှိပြီ။ ဒါပမေယ့် သင်ချရမယ့် ဆုံးဖြတ်ချက်တွေ၊ လုပ်လေ့လုပ်ထရှိတဲ့ အကျင့်တွေအပေါ်မှာ သင်ကိုယ်တိုင် တာဝန်ခံရတော့မှာပါ။ ဒါကြောင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ဦးအဖြစ်ကို လုံးလုံးမရောက်သေးခင်မှာ အောက်ဖော်ပြပါ အကျင့်ဆိုး ၁၀ ခုကို ဖယ်ရှားဖို့လိုပါတယ်။ ၁။ တစ်နေ့တာအတွက် အစီအစဉ်မဆွဲထားခြင်း။ သင်တစ်နေ့တာအတွက် ဦးစားပေးဘာလဲဆိုတာ မသိရင် အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ နေ့စဉ်၊ အပတ်စဉ် ဘာတွေလုပ်မယ်ဆိုတာကို ကြိတင်အစီအစဉ်ဆွဲထားရပါမယ်။ ပြီးနောက် အရေးကြီးမှုအပေါ်မူတည်ပြီး အလုပ်တွေကို စီမံခန့်ခွဲရပါမယ်။ ၂။ အီးမေးလ်တွေရောက်လာတာနဲ့ ချက်ချင်းပြန်စာပို့ခြင်း။ ချက်ချင်းတုန့်ပြန်တာဟာ

Read more
Balaji Featured Image

House.com.mm ရဲ့ Managing Director ဖြစ်သူ Mr.Balaji Ramaswami နှင့် အင်တာဗျူး

House.com.mm ဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းအွန်လိုင်း အိမ်ခြံမြေလုပ်ငန်းဝက်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ Entrepreneurs-mm.com အနေနဲ့ House.com.mm ရဲ့ Managing Director ဖြစ်သူ Mr. Balaji Ramaswami နဲ့ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေအနာဂါတ်၊ အွန်လိုင်းစီးပွားရေးအခြေအနေအကြောင်းတွေကို မေးမြန်းခွင့်ရခဲ့ပါတယ်။ EiMM: ဆရာရဲ့ အကြောင်းနဲ့ House.com.mm မှာ ဘယ်လိုတာဝန်တွေ ယူထားရသလဲ ပြောပြပေးပါ။ Balaji: ကျွန်တော့်နာမည်ကတော့ Balaji Ramaswami ဖြစ်ပါတယ်။ ကျွန်တော်ဟာအခုဆိုရင် ကမ္ဘာ့အကြီးဆုံး Incubator ကုမဏ္ဏီတစ်ခုဖြစ်တဲ့ Rocket Internet မှာ အလုပ်လုပ်ကိုင်နေပါတယ်။ ဒီ Rocket Internet ဟာဆိုရင် ဖွံ့ဖြိုးဆဲနိုင်ငံများမှ စွန့်ဦးတီထွင်သူများကို နည်းပညာအကူအညီများပေးနေတဲ့ အဖွဲ့အစည်းကြီးတစ်ခုလည်းဖြစ်ပါတယ်။ ကျွန်တော်အခုလက်ရှိလုပ်ကိုင်နေတာဟာဆိုရင်တော့ Rocket Internet ရဲ့ Venture တွေထဲက တစ်ခုဖြစ်တဲ့ House.com.mm မှာ မန်နေဂျင်းဒါရိုက်တာအနေနဲ့လုပ်ကိုင်နေပါတယ်။ Rocket

Read more
05_6-Things-True-Leaders-Do_featured

တကယ့်ခေါင်းဆောင်တွေ လုပ်တဲ့အရာ ၆ ခု

အလုပ်ဝင်ကာစမှာ ကိုယ်တိုင်တာဝန်တစ်ခုကို လုပ်ဆောင်ရပြီးတော့ အဲဒီ ရလာတဲ့ အောင်မြင်မှုဟာလည်း ကိုယ်နဲ့ပဲဆိုင်တယ်လို့ ယူဆလို့ရပါတယ်။ အဲဒါကို Doer အလုပ်လုပ်သူ (ကိုယ်တိုင်လုပ်သူ) လို့ ခေါ်လို့ရပါတယ်။ ဒါပေမယ့် ကြာလာတာနဲ့ အမျှ ခေါင်းဆောင်နေရာရောက်လာရင်တော့ အပြောင်းအလဲဖြစ်လာပါပြီ။ အလုပ်လုပ်သူ ကနေပြီး အခြားသူတွေကို ဦးဆောင်ရတဲ့ ခေါင်းဆောင် Leader နေရာကို ပြောင်းလဲသွားပါပြီ။   အဲဒီအပြောင်းအလဲအတွက် သင့်ကို အကျိုးပြုမယ့် ဗျူဟာ ခြောက်ချက်ကို တင်ပြလိုက်ရပါတယ်။ ၁။ သင့်ရဲ့အဖွဲ့အတွက် အောင်မြင်မှုဆိုတာ ဘာလဲ မြင်သာအောင်လို့ အဓိပ္ပွါယ်သတ်မှတ်ဖို့လိုပါတယ်။ ပြီးတဲ့အခါ အမြဲအမှတ်ရနေအောင် အချင်းချင်း သတိပေးဖို့လိုပါတယ်။ အောင်မြင်မှုရဲ့ အဓိပ္ပါယ်ကို ၃ x ၅ လက္မရှိတဲ့ ကဒ်ပေါ်မှာ ချရေးပါ။ အဲဒီအဓိပ္ပါယ်ဟာ လက်တွေ့ဆန်ပြီး ဘာကိုဆိုလိုလဲဆိုတာ သိနိုင်ရပါမယ်။ ပြီးတော့ သင်နဲ့ သင့်ရဲ့အဖွဲ့သားတွေအားလုံးအတွက် မှတ်မိလွယ်နေစေဖို့လည်း အရေးကြီးပါတယ်။

Read more
3 ways for learners

ထိထိရောက်ရောက် လေ့လာသင်ယူနိုင်ဖို့ အကြံပြုချက် ၃ ချက်

ကျွန်ုပ်တို့ ကျောင်းကပေးတဲ့ ဘွဲ့တွေရချင်ရခဲ့ကြမယ်။ ဒါပေမယ့် အမြဲမပြတ် ဆက်လက်သင်ယူ လေ့လာနေရပါတယ်။ အလုပ်သစ်၊ နေရာသစ်၊ အပေါင်းအသင်းသစ် စတဲ့ အသစ်သော ပတ်ဝန်းကျင်များမှာ သင်ယူလေ့လာစရာအသစ် အသစ်တွေ ထပ်ထပ်ပြီး ပေါ်နေပါတယ်။ လေ့လာမှုကို ရပ်လိုက်တာနဲ့ ကျွန်ုပ်တို့ရဲ့ တိုးတက်မှုများလည်း ရပ်တန့်သွားမှာပါ။ Nate Kornell လို့ခေါ်တဲ့ Williams College မှ သိမြင်မှုစိတ်ပညာရှင် တွဲဖက်ပါမောက္ခကြီးက လေ့လာသင်ယူခြင်းဟာ အရေးကြီးတယ်ဆိုပေမယ့်လည်း ကျွန်ုပ်တို့အများစုက မကောင်းတဲ့ အကျင့်ဆိုးတွေ၊ မကောင်းတဲ့ နည်လမ်းတွေနဲ့ လေ့လာသင်ယူကြတဲ့အတွက်ကြောင့် ထိထိရောက်ရောက်တတ်မြောက်နိုင်စွမ်း မရှိကြပါ လို့ ပြောခဲပါတယ်။ Kornell က ထိရောက်စွာ သင်ယူနိုင်ဖို့အတွက် အောက်ပါအချက်သုံးချက်ကို အကြံပေးခဲ့ပါတယ်။ ၁။ သက်တောင့်သက်သာမရှိတဲ့ အခြေအနေကို အံတုရင်ဆိုင်ပါ။ လူအတော်များများမှားနေတဲ့အချက်တစ်ခုက လေ့လာရင် လေ့လာနိုင်သလောက် စွမ်းဆောင်ရည် မြင့်မားလာမယ်လို့ ထင်နေကြတာပဲဖြစ်ပါတယ်လို့ Kornell က

Read more
start up Myanmar

လုပ်ငန်းသစ်များနှင့် နှင့် မြန်မာနိုင်ငံမှ သူတို့၏ အခြေအနေ

မြန်မာနိုင်ငံ၏ စတင်လုပ်ကိုင်သောဈေးကွက်သို့ ၀င်ရောက်မှုသည် တဖြည်းဖြည်း တိုးတက်လျက်ရှိသည်။ ပွင့်လင်းလာမှုနှင့်တကွ အင်တာနက် တိုးတက်လာမှုကြောင့် လုပ်ငန်းစတင်လုပ်ကိုင်သူအများအပြားတိုးတက်လာသည်ဟု မှတ်ယူနိုင်ပါသည်။ ယခင်နှစ်များတွင် မြန်မာနိုင်ငံ၏ အကြောင်းအမျိုးမျိုးသော အခြေအနေများကြောင့် လုပ်ငန်းစတင်သူများနည်းပါးခြင်းဖြစ်ခဲ့ပြီး ယခုအခါတွင်တော့ အခြေအနေမှာ သိသိသာသာ ပြောင်းလဲမှုများရှိနေပြီဖြစ်သည်။ ယခုလက်ရှိအခြေအနေတွင်တော့ မြန်မာနိုင်ငံတွင် နည်းပညာကိုအခြေခံပြီး စတင်သော လုပ်ငန်းများသည် တစ်ရာဝန်းကျင်လောက် ရှိနေပြီဖြစ်ပြီး ပြည်တွင်းဘာသာစကားဖြင့် ပြုလုပ်သော Android အက်ပလီကေးရှင်းပေါင်း ငါးရာလောက် ရှိနေပြီဟု Report အရသိရှိရသည်။ စီးပွားရေးလုပ်ငန်းများစွာသည် အွန်လိုင်းမှ သုံးစွဲသူများပိုမိုရှာဖွေလာခြင်းများလဲ ရှိလာပြီဖြစ်သည်။ ဥပမာ Kaymu, Aliexpress, Myanmarblogshop နှင့် Omyanmar တို့သည် အွန်လိုင်း ဈေးဝယ်သူများကို ပိုမိုဆွဲဆောင်လျက်ရှိနေပြီဖြစ်သည်။ ပထမဖော်ပြထားသော လုပ်ငန်း သုံးခုသည် သုံးစွဲသူများထံသို့ များစွာသောပစ္စည်းများကို အွန်လိုင်းမှ လွယ်ကူစွာ ၀ယ်ယူနိုင်ရန်ဖြစ်ပြီး နောက်ဆုံးလုပ်ငန်းကတော့ ဟိုတယ်နှင့်ပတ်သတ်သော ကိစ္စရပ်များကို အွန်လိုင်းမှ

Read more
Frugal business

ချွေတာသုံးစွဲပါ လုပ်ငန်းမှာ..

ငွေကြေးလည်ပတ်မှု (Cash Flow) ကောင်းမွန်ခြင်းဟာ စီးပွားရေးလုပ်ငန်းအားလုံးရဲ့ ရေရှည်အောင်မြင်မှုအတွက် အလွန်အရေးပါပါတယ်။ လုပ်ငန်းတစ်ခုဟာ အကျိုးအမြတ်ကို ရှာဖို့အရေးကြီးသလို လုပ်ငန်းလည်ပတ်စရိတ် တတ်နိုင်သမျှ လျော့ချနိုင်ဖို့လည်း အရေးကြီးပါတယ်။ တလတလ ကုန်ကျစရိတ်အလေအလွင့်နည်းမယ်ဆိုရင် တကယ်လို့ ဖောက်သည်တစ်ယောက်ဆုံးရှုံးမယ်၊ ငွေရနောက်ကျမယ်ဆိုတဲ့ အခြေအနေတွေကို ကောင်းစွာ စီမံခန့်ခွဲနိုင်မှာပါ။ချွေတာတတ်ခြင်းက မွေးကတည်းကပါလာတာလို့ တချို့လူတွေထင်ကြပေမယ့် တကယ်တော့ ဘယ်သူမဆိုသင်ယူလို့ရပါတယ်။ အောက်မှာဖော်ပြထားတဲ့ အချက် ၆ ချက်ကတော့ သင့်ရဲ့ လုပ်ငန်းအတွက် ကုန်ကျစရိတ်တွေလျော့ချပြီး တလတလသင်ကြိုးစားရှာထားတဲ့ ငွေတွေကို အလေအလွင့်မဖြစ်အောင် ကာကွယ်ပေးမှာဖြစ်ပါတယ်။ စက္ကူသုံးစွဲခြင်းကို လျော့ချပါ။ စီးပွားရေးလုပ်ငန်းတော်တော်များများက ခုဆိုရင် ဖိုင်တွေနဲ့ စာရွက်စာတမ်းတွေမသိမ်းတော့ပဲ Cloud Storage လို့ခေါ်တဲ့ အွန်လိုင်းမှာ သိမ်းဆည်းထားကြပါပြီ။ Tablet တွေကို အစည်းအဝေးတွေမှာ မှတ်စုမှတ်ဖို့ သုံးနိုင်တာကြောင့် စာအုပ်တွေသုံးစရာမလိုတော့ဘဲ အချိန်ကြာလာတာနဲ့ အမျှ ကုန်ကျစာရိတ်တွေကို လျော့ချပေးနိုင်မှာပါ။ ဒါ့အပြင် အစည်းအဝေးတွေမှာ

Read more
Thought leadership

အတွေးအခေါ်ပညာရှင်အနေဖြင့် ဈေးကွက်ဖော်ဆောင်ခြင်း

အတွေးအခေါ်ပညာရှင်အနေဖြင့် ဈေးကွက်ဖော်ဆောင်ခြင်းဆိုသည်မှာ လုပ်ငန်းနယ်ပယ်နှင့်ဆက်စပ်သော ပညာရပ်ဆိုင်ရာ သင်ခန်းစာများကို အများအား မျှဝေခြင်းဖြင့် သင့်ရဲ့ကုမ္ပဏီကို သက်ဆိုင်ရာနယ်ပယ်၏ ထိပ်တန်းနေရာသို့ ရောက်ရှိစေခြင်း ဖြစ်ပါသည်။ သင်ခန်းစာများမျှဝေရာတွင် ဆောင်းပါများရေးသာခြင်း၊ သင်ကြာရေးဗီဒီယိုများထုတ်ဝေခြင်း၊ သုတေသနပြုလုပ်ခြင်းနှင့် အခြားတနည်းနည်းဖြင့် ဘာသာရပ်ဆိုင်ရာ ဖော်ပြမှုများ ပုံမှန်ပြုလုပ်ခြင်းတို့ ပါဝင်ပါသည်။ ထိုအခါ အလားအလာရှိသည့် ဖောက်သည်များနှင့် သင့်လုပ်ငန်း နယ်ပယ်အတွင်းရှိ အခြားသောလုပ်ငန်းများက သင့်ကို ဆရာတစ်ဆူအနေဖြင့် စတင်ရင်းနှီးမှုရယူ လာပါလိမ့်မည်။ ကုမ္ပဏီတစ်ခုကို ရွေးချယ်ရတော့မည်ဆိုပါက သူတို့၏စိတ်ထဲတွင် သင့်ကုမ္ပဏီမှာ နံပါတ်တစ် ဖြစ်လာပါလိမ့်မည်။သင်ကြားသောနည်းလမ်းဖြင့် ဈေးကွက်ဖော်ဆောင်ခြင်းကြောင့် ဖောက်သည်များသာ တိုးပွားလာမည်မဟုတ်ပါ။ အခြားသော အကျိုးရလဒ်များလည်း ရှိနေပါသေးသည်။ သက်ဆိုင်ရာနယ်ပယ်ရှိ ၀န်ထမ်းများသည် သင့်ကုမ္ပဏီကို ပိုမိုသိရှိလာပြီး သင့်ထံတွင် အလုပ်လုပ်လိုစိတ် ဖြစ်လာပါလိမ့်မည်။ စာနယ်ဇင်းသမားများသည်လည်း သင့်ထံကရမည့် သတင်းထူးများ၊ လေ့လာသုံးသပ်ချက်များကို စောင့်ကြည့်နေတတ်ကြပြီး စီးပွားရေးစာတမ်းတွင် သို့မဟုတ် သတင်းစာ၏အခန်းတစ်ခုအနေဖြင့် အခမဲ့ ထည့်သွင်းရန်

Read more
1 2 3 4