Category Archives: Business News

31_kbzsc_featured

ငွေချေးသက်သေခံ လက်မှတ်များ တာဝန်ခံရောင်းချပေးမည့် ရုံးချုပ် ရန်ကုန်မြို့ ခြောက်ထပ်ရုံးတွင်ဖွင့်လှစ်

မြန်မာစတော့ရှယ်ယာဈေးကွက် သမိုင်းတွင် ငွေချေးသက်သေခံလက်မှတ်များကို တာဝန်ခံရောင်းချပေးမည့် KBZ Stirling Coleman Securities Co., Ltd (KBZ-SC Securities) ရုံးချုပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရုံးချုပ်တည်ရှိရာ ရန်ကုန်မြို့ ကမ်းနားလမ်းရှိ Strand Square (ယခင် နိုင်ငံတော်၏ ခြောက်ထပ်ရုံး) အဆောက်အအုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် အကြီးတန်း အုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်က “ကမ္ဘောဇကုမ္ပဏီများအုပ်စုအနေဖြင့် နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ အဓိကအရေးပါတဲ့ ငွေကြေးအရင်းအနှီးဈေးကွက် လုပ်ငန်းဖြစ်တဲ့ ရန်ကုန်စတော့အိတ်ချိန်းရဲ့ ငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်ရေးတွေ ဆောင်ရွက်နိုင်ရန် အလေးထား ပြင်ဆင်ဆောင်ရွက်ခဲ့ရာ ယခုအခါ မြန်မာစတော့ရှယ်ယာ ဈေးကွက်သမိုင်းမှာ ငွေချေးသက်သေခံ လက်မှတ်တွေကို တာဝန်ခံရောင်းချပေးမယ့် ပထမဆုံးနဲ့ တစ်ခုတည်းသော Underwriter ကုမ္ပဏီအဖြစ် တရားဝင်လိုင်ဟင် ရရှိခဲ့ပါတယ်။ အရင်းအနှီး တိုးမြှင့်လိုတဲ့ စီးပွားရေးလုပ်ငန်း

Read more
27_NPW-hot-water-spring

အနွေးဓါတ်ကိုခံစားကာ ကျန်းမာသည့် နေပြည်တော်ရှိ ရေပူစမ်းသို့ သွားရောက်အပန်းဖြေနိုင်

ပေါက်ကွဲလျက်ရှိသော မြို့ပြလူဦးရေနှင့် သိပ်သည်းလှသည့် ယာဉ်၊ ရထား၊ စက်ရုံများ၊ ရှုပ်ထွေးမွန်းကျပ်သော ပတ်ဝန်းကျင်မှ ကင်းလွတ်၍ သဘာဝတောတောင် စိမ့်စမ်းရေနှင့် သန့်ရှင်းသောလေတို့ကို ခံစားအပန်းဖြေစရာ စခန်းသာတစ်ခု နေပြည်တော်နှင့် မဝေးလှသည့် နေရာတွင် တည်ရှိသည်။ နေပြည်တော် ရေပူစမ်းအပန်းဖြေစခန်းသည် နေပြည်တော် တပ်ကုန်းမြို့နယ် ကင်းသာလမ်းခွဲမှ ၂၄ မိုင် ၇ ဖာလုံအကွာတွင် တည်ရှိသည်။ ကင်းသာလမ်းခွဲမှစ၍ ပင်လောင်းဘက်သို့ တောင်ပေါ်လမ်းကို ပြေတစ်ခါပတ်တစ်ချီ ရစ်တစ်လှည့်အကွေ့အကောက် အတက်အဆင်း စုံလင်စွဖြင့် တောင်ပေါ်ခရီးသွားခြင်း အရသာခံစား၍ ရေပူစမ်းအပန်းဖြေစခန်းလမ်းခွဲမှ ရေပူစမ်းရှိရာသို့ ၁ မိုင် ၆ ဖာလုံ ၀င်ရောက်ပြီးနောက် ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ် သပြေကုန်းကျေးရွာအုပ်စု တောင်ကျကျေးရွာအနီးရှိ နေပြည်တော် ရေပူစမ်းအပန်းဖြေစခန်းသို့ ရောက်ရှိမည်ဖြစ်သည်။ တောင်ပတ်လည်ဝန်းရံလျက်ရှိပြီး အနည်းငယ်ကျဉ်းမြောင်းသော်လည်း သဘာဝပတ်ဝန်းကျင်အနေအထားကြောင့် သက်သောင့်သက်သာရှိသော ခံစားမှုကို ပေးစွမ်းနိုင်သည့် ရေပူစမ်းအပန်းဖြေစခန်းတွင် ပြင်ပရေကူးကန်များ၊

Read more
Tourist

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ အဆက်မပြတ်ဝင်ရောက်လည်ပတ်လျက်ရှိ

ဟိုတယ်နှင့်ခရိးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ ခရီးသွာကုမ္ပဏီများ၏ စီစဉ်ဆောင်ရွက်မှုဖြင့် နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်များမှ တစ်ဆင့်မြန်မာနိုင်ငံအတွင်းသို့ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် မော်တော်ယာဉ်တန်း၊ မော်တော်ဆိုင်ကယ်ယာဉ်တန်း၊ စက်ဘီးယာဉ်တန်း၊ ခရီးစဉ်များဖြင့်လည်းကောင်း၊ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် အပျော်စီးသင်္ဘောများဖြင့် လည်းကောင်း ၀င်ရောက်လည်ပတ်လျက်ရှိပါသည်။ Myanmar Zarmani Creative Tours Co.,Ltd. ၏ စီစဉ်ဆောင်ရွက်မှုဖြင့် အမေရိကန်နိုင်ငံသားအဖွဲ့ဝင် ၃၀ ဦးတို့သည် အောက်တိုဘာ ၃၀ ရက်တွင် ရန်ကုန်မြို့သို့ရောက်ရှိလာပြီး ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ခရီးစဉ်များဖြစ်သော ကလေး-ကလေး-မော်လိုက်-ကင်းတပ်-စစ်တောင်း-ဖောင်းပြင်-ယုဝ-ဟဲလှောင်-သော်ထွဋ် -ဟုမ္မလင်း-ထမံသီ-ခန္တီးများသို့ လည်ပတ်ပြီး မြန်မာ့လူနေမှုဓလေ့စရိုက်များ၊ မြစ်ကြောင်းတစ်လျှောက် အလှအပရှုခင်းများနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို သွားရောက်လေ့လာခဲ့သည်။ ထို့အပြင် Silver Hills Travels & Tours Co.,Ltd. ၏ စီစဉ်ဆောင်ရွက်မှုဖြင့် အိန္ဒိယနိုင်ငံသား အဖွဲ့ဝင်ခြောက်ဥိးတို့သည် အောက်တိုဘာ ၂၀ ရက်တွင် မော်တော်ယာဉ်နှစ်စီး၊ မော်တော်ဆိုင်ကယ် တစ်စီးဖြင့် တမူးမြို့မှ ၀င်ရောက်လာပြီး

Read more
House.com.mm logo

မြေ၀ယ်ဖို့အကောင်းဆုံးနိုင်ငံတွေထဲက မြန်မာနိုင်ငံ

Global Property Portal မှပြုလုပ်ထားသော စစ်တမ်းကောက်ယူချက်များမှ ဖော်ပြထားသော ဖွံ့ဖြိုးဆဲဈေးကွက်များအကြောင်း   ရန်ကုန်၊ ၂၃ အောက်တိုဘာ ၂၀၁၅: အိမ်ခြံမြေရင်းနှီးမြုပ်နှံမှူပြုလုပ်မည်ဆိုလျှင် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ရင်းနှီးမြုပ်နှံ မှူပြုလုပ်ခြင်းက ရေရှည်အတွက် ပိုမိုကောင်းမွန်သည်။ နိုင်ငံအတော်များများတွင် အိမ်ခြံမြေ၀ယ်ယူ၍ ရင်းနှီး မြုပ်နှံခြင်းကို ရွှေ၊ငွေ ကျောက်မျက်ရတနာ စသည်တို့ ၀ယ်ယူရင်းနှီးမြုပ်နှံခြင်းထက် ပိုမိုလုံခြုံ စိတ်ချရသည်ဟူ၍ အခိုင်အမာယုံကြည်ကြသည်။ စတော့ရှယ်ယာတွင် ရင်းနှီးမြုပ်နှံမည်ဆိုလျှင်လည်း တည်ငြိမ်မှူမရှိနိုင်ခြင်း များကြောင့် အိမ်ခြံမြေရင်းနှီးမြုပ်နှံမှူများကသာ သင့်ရဲ့ကြွယ်ဝမှူတွေကို အကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ရင်းနှီးမြုပ်နှံသူများ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ နှင့် အိမ်ဝယ်ရန်ဆန္ဒရှိသူများအတွက် အိမ်ခြံပလတ်ဖောင်း တစ်ခုဖြစ်သည့် House.com.mm မှ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ သတင်းအချက်အလက်များကို ဖော်ပြပေး လိုက်ရသည်။ မြန်မာ ဂျပန်မှရင်းနှီးမြုပ်နှံမှူများစတင်ဝင်ရောက်ချိန် ၁၉၉၀ ခုနှစ် မှစ၍ နိုင်ငံ၏စီးပွားရေးလုပ်ငန်းများ စတင်ဖွံ့ဖြိုး ခဲ့သည်ကိုတွေ့ရသည်။ တရုတ်နိုင်ငံရှိ စီးပွားရေးအကျပ်အတည်းများကို ရှောင်ရှားရန် ဂျပန်ရင်းနှီးမြုပ်နှံသူ

Read more
News

တယ်လီနောကွန်ရက်သည် မြန်မာနိုင်ငံတွင်အကြီး 3G ကွန်ရက်ဖြစ်လာဟုဆို

တယ်လီနောမြန်မာသည် ပြည်တွင်းမိုဘိုင်းကွန်ရက်တွင် တစ်နှစ်အတွင်း 3G ကွန်ရက်ချိတ်ဆက်ထားသည့် တာဝါတိုင် ၃၄၀၀ နီးပါးကို စိုက်ထူခဲ့ပြီး မြန်မာနိုင်ငံတွင် အကြီးဆုံး 3G ကွန်ရက်ဖြစ်လာကြောင်း တယ်လီနော မြန်မာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Read more
Foreigners in Myanmar

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ဧရာဝတီမြစ်ကြောင်းတလျှောက်ပြည်တွင်းသွား အပျော်စီးသင်္ဘောဖြင့် လည်ပတ်

ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ ခရီးသွားကုမ္ပဏီများ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကမ္ဘာလှည်ခရီးသွားဧည့်သည်များသည် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ပြည်တွင်းသွားအပျော်စီးသင်္ဘောများဖြင့် ခရီးစဉ်များကို သွားရောက်လည်ပတ်လျက်ရှိသည်။Interconnection Travels & Tours Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် သြစတြေးလျနိုင်ငံသား ဧည့်သည် ၃၅ ဦးတို့သည် စက်တင်ဘာလ ၁ ရက် တွင် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် လာရောက်ခဲ့ ကြပြီး စက်တင်ဘာလ ၂ ရက်နေ့တွင် RV Sriksetra ရေယာဉ်ဖြင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မန္တလေး – ကျောက်မြောင်း – နွယ်ငြိမ်း – တကောင်း – ကသာ – ဆင်ကိန်း – ကသာ – မိုးသား – မင်းကွန်း – အင်းဝ – စစ်ကိုင်း – မုံရွာ –

Read more
Star of Genesis

ကန်ဒေါ်လာ ၁၀ သန်းတန် မြန်မာနိုင်ငံထွက် ရှားပါးနီလာတစ်ပွင့် စင်ကာပူကျောက်မျက်ပွဲ၌ လူအများ၏ စိတ်ဝင်စားမှုခံရ

မြန်မာနိုင်ငံမှ ထွက်ရှိသော Start of Genesis ဟု အမည်ပေးထားသည့် ၄၈ ဒသမ ၉၅ ကာရက်ရှိသော အမေရိကန်ဒေါ်လာ ၁၀ သန်းတန် ရှားပါးနီလာတစ်ပွင့်ကို စင်ကာပူနိုင်ငံ ပတ်ခ်ရွိုင်ရယ်ဟိုတယ်၌ အောက်တိုဘာလ ၁၀ ရက်မှ ၁၈ ရက်အထိ ကျင်းပမည့် Jewels of the Orient ဟု အမည်ပေးထားသော ကျောက်မျက်ရတနာပြပွဲ၌ အများပြည်သူသို့ ပြသထားကြောင်း CNA သတင်းတစ်ရပ်အရ သိရသည်။ အလေးချိန် ၁၁ ကာရက်ရှိ သစ်တော်သီးပုံစံ စိန်ပွင့် ၅၂ ပွင့် ၀န်းရံထားသော အဆိုပါ နီလာပွင့်မှာ သာမန် နေ့အလင်းရောင်အောက်တွင် အပြာရောင်ရှိပြီး ဖြာထွက်နေသော အလင်းရောင်အောက်ထားပါက ခရမ်းရောင်ပြောင်းသွားသည်ဟုဆိုသည်။ “ အရည်အသွေးကောင်း ကျောက်တစ်ပွင့်တွေ့ဖို့က အလွန်ကို ကြုံတောင့်ကြုံခဲဖြစ်ရပ်ပါ။ ဒါပေမယ့် အရောင်အပြောင်းအလဲဖြစ်တဲ့အပြင် ဒီအရွယ်အစားမျိုး မပြုပြင်ရသေးတဲ့

Read more
Dr. Aung Thura

စတင်တော့မည့် စတော့အိတ်ချိန်းနှင့် မြန်မာ့စီးပွားရေးအလားအလာ

မြန်မာနိုင်ငံတွင် မကြာမီစတော့အိတ်ချိန်းကို အကောင်အထည်ဖော်တော့မည်ဖြစ်ရာ ယင်းစတော့အိတ်ချိန်း၏ သဘောသဘာဝနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးအလားအလာများနှင့်ပတ်သတ်၍ Thura Swiss ကုမ္ပဏီ၏ အလုပ်အမှုဆောင်အရာရှိချုပ်ဖြစ်သူ စီးပွားရေး ပညာရှင် ဒေါက်တာအောင်သူရနှင့် တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။ မေး။ ပထမဆုံးအနေနဲ့ စတော့အိတ်ချိန်းဆိုတာ ဘာလဲ။ ဘယ်လိုအလုပ်လုပ်တာလဲဆိုတာ ရှင်းပြပေးစေချင်ပါတယ် ခင်ဗျာ။ ဖြေ။ အရင်ဆုံးအနေနဲ့ ပြောရရင် တိုင်းပြည်တစ်ပြည်မှာ လုပ်ငန်းလုပ်ကြဖို့ဆိုရင် ပထမဆုံးက အရင်းအနှီးဆိုတာလိုပါတယ်။ လက်ရှိအနေနဲ့ဆို မြန်မာနိုင်ငံမှာ ကုမ္ပဏီတစ်ခု ထောင်တော့မယ်၊ စီးပွားရေးလုပ်ငန်း လုပ်တော့မယ်ဆို လိုအပ်တဲ့အရင်းအနှီးကို ဘဏ်ကချေးချင်ချေးမယ်၊ ဒါမှမဟုတ် ကိုယ့်မိသားစု၊ ပတ်ဝန်းကျင်မိတ်ဆွေတွေရဲ့ ရှိတဲ့ပိုက်ဆံကို စုပြီး လုပ်ချင်လုပ်မယ်။ ဒါပေမယ့် လုပ်ငန်းတိုင်းအတွက်ကိုတော့ ဒီ Capital Access က အလုပ်မဖြစ်ပါဘူး။ ဒါကြောင့် လိုအပ်တဲ့ အရင်းအနှီးကို အများပြည်သူတွေ စုပေါင်းထည့်ဝင်တဲ့ငွေ ပုံစံနဲ့လုပ်ဖို့ လိုလာတယ်။ ဒီတော့ လုပ်ငန်းလုပ်တဲ့

Read more
Pharmacy Shop

ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးခြင်းလုပ်ငန်းများတွင် စည်းကမ်းဖောက်ဖျက်နေခြင်းများကို အမျိုးသားဆေးဝါးဥပဒေအရ အရေးယူမည်

ဆေးဝါးရောင်းဝယ်ဖြန့်ဖြူခြင်းလုပ်ငန်းများတွင် စည်းကမ်းဖောက်ဖျက်နေခြင်းများကို ယခင်က အပြည့်အ၀ တားဆီးကန့်သတ်နိုင်ခြင်း မရှိခဲ့သော်လည်း အောက်တိုဘာလဆန်းပိုင်းမှ စ၍ စစ်ဆေးအရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ပထမဆုံးအကြိမ်ဖြစ်ပါက ပစ္စည်းများကို သိမ်းဆည်းကာ ကော်မတီရှေ့မှောက်တွင် ၀န်ခံကတိလက်မှတ်ရေးထိုးစေခြင်း၊ ဒုတိယအကြိမ်ဖြစ်ပါက ပြင်းထန်သည့်အပေါ်မူတည်၍ လိုင်စင်သိမ်းခြင်း၊ အမျိုးသားဆေးဝါးဥပဒေဖြင့် အရေးယူခြင်းများကို ဗဟိုကော်မတီ၏ အဆုံးအဖြတ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အထူးထိန်းချုပ်ဆေးဝါးဖြစ်ပါက သတိပေးခြင်း အဆင့်ပြုလုပ်မည်မဟုတ်ဘဲ အမျိုးသားဆေးဝါး ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ဗဟိုဆေးဝါးဌာနခွဲ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ “မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့က ခွင့်ပြုထားတဲ့ မှတ်ပုံတင်ရရှိပြီးမှသာ ဆေးဝါးတွေကို တင်သွင်းဖြန့်ဖြူးရောင်းချခွင့် ရှိပါတယ်။ မကွေးတိုင်းဒေသကြီးမှာ လက်လီလက်ကား ရောင်းချသူတွေသာ ရှိပါတယ်။ ဆေးဝါးလက်လီလက်ကား ရောင်းချသူတွေအနေနဲ့ ဆေးဝါးဥပဒေအရ ထိုးဆေးမှန်သမျှ ဆရာဝန်ဆေးစာပါမှ ရောင်းချခွင့်ရှိပါတယ်။ ဓာတ်ဆား၊ အားဆေး၊ သာမန်အကိုက်အခဲ ပျောက်ဆေး၊ သာမန် အဖျားပျောက်ဆေးတွေလောက်ပဲ ဆရာဝန်ဆေးစာမပါဘဲ ရောင်းခွင့်ရှိပါတယ်။ အထူးသဖြင့်

Read more
News

၂၀၁၅ ခုနှစ်တွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၉ ဒသမ ၃ ရာခိုင်နှုန်းရောက်ရှိမည်ဟု မျှော်မှန်ထားသည့် မြန်မာနိုင်ငံ

မြန်မာနိုင်ငံနှင့် ဒေသတွင်းရှိ ဘဏ်များအကြား ပေါင်းကူးဆက်သွယ်ဘဏ်လုပ်ငန်းဝန်ဆောင်မှုပေးမည့် မေဘဏ်သည် ထရန်ဆက်ရှင်းဘဏ်ကင်းအပါအ၀င် မြန်မာနိုင်ငံတွင် ရင်းနှီးငွေကန်ဒေါ်လာ ၇၅ သန်းဖြင့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများစတင်လိုက်ပြီဖြစ်သည်။ အောက်တိုဘာ ၅ ရက်က ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ စတင်မိတ်ဆက်သည့်အခမ်းအနားတွင် မေဘဏ် ဥက္ကဌ မီဂတ်စ်ဇာဟာရုတ်ဒင်က မေဘဏ်သည် မြန်မာနိုင်ငံနှင့် ဒေသတွင်းရှိ အလားအလာများကို အမြဲယုံကြည် စိတ်ချမှုရှိကြောင်း၊ မြန်မာနိုင်ငံတွင် ရှိနေခဲ့သည့် နှစ် ၂၀ အတွင်း အာဆီယံနိုင်ငံများနှင့် ကျယ်ပြန်သော ချိတ်ဆက်မှုများ ပြုလုပ်ထားခဲ့ကြောင်း၊ အာဆီယံစီးပွားရေး အသိုက်အ၀န်း (အေအီးစီ) ပေါ်ပေါက်လာတော့မည်ဖြစ်ရာ ဒေသတွင်းရှိ ပြည်သူသန်း ၆၀၀ ကို ၀န်ဆောင်မှုပေးရန် ပြီးခဲ့သာ နှစ်များက မိမိတို့ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်မှုကို လုပ်ဆောင်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်အကုန်တွင် ပေါ်ပေါက်လာမည့် အာဆီယံစီးပွားရေး အသိုက်အ၀န်းနှင့်အတူ အာရှဒေသရှိ စီးပွားရေး အခင်းအကျင်းများ ပြောင်းလဲသွားမည်ဖြစ်ကြောင်း၊ ကုန်စည်စီးဆင်းမှု၊ ၀န်ဆောင်မှု၊ လူသားအရင်းအမြစ်နှင့်

Read more
1 2 3