Category Archives: Leadership

Leadership style

ခေါင်းဆောင်မှုပုံစံအမျိုးမျိုး

မဟတ္တမဂန္ဒီ နဲ့ ၀င်စတန်ချာချီကို ယှဉ်ကြည့်ပါ။ မာတင်လူသာကင်း၊ စတိဂျော့ကိုလည်း ကြည့်ကြည့်ပါ။ အားလုံး ခေါင်းဆောင်တွေ ဖြစ်ကြပေမယ်လို့ သူတို့ရဲ့ ခေါင်းဆောင်မှုပုံစံတွေမတူညီကြပါ။ ခေါင်းဆောင်တွေအနေနဲ့ လူအများကို ဦးဆောင်ရာမှာ ကျင့်သုံးတဲ့ ခေါင်းဆောင်မှုပုံစံတွေ အမျိုးမျိုး ရှိကြပါတယ်။

Read more
Motivation in Leadership

ဝန်ထမ်းကို ဘယ်လို စိတ်ဓာတ်မြှင့်တင်ပေးကြမလဲ။

သင့်ရဲ့ဝန်ထမ်းတစ်ဦးဆီမှ မကြာသေးခင်က အလွန်ကောင်းမွန်သော အစီအရင်ခံစာတစ်ဆောင် သင်လက်ခံရရှိခဲ့တယ်။ အဆိုပါ အစီအရင်ခံစာမှာ ကောင်းမွန်ပြည့်စုံလွန်းတဲ့အတွက်ကြောင့် ဘုတ်အဖွဲ့ဝင် လူကြီးများကိုယ်တိုင်က ထိုဝန်ထမ်းရဲ့အားထုတ်မှုကို အသိအမှတ်ပြုမှု တစ်ခုခုလုပ်ဖို့ သင့်အား တိုက်တွန်းကြတယ်။

Read more
Management and Leadership

စီမံခန့်ခွဲမှု နှင့် ခေါင်းဆောင်မှု

Management (စီမံခန့်ခွဲမှု) စီမံခန့်ခွဲမှုဆိုတာ ကုမ္ပဏီတိုင်းအတွက်အရေးကြီးဆုံး လုပ်ဆောင်ရမည့် အလုပ်ပါဘဲ။ ကုန်ချင်းဖလှယ်ရောင်းဝယ်တာနဲ့ လှည့်စားမှုတွေကို ဆန့်ကျင်ကိုင်တွယ်တဲ့ အလုပ်လို့ပြောလည်းရပါတယ်။

Read more
Emotional Leadership

Emotional Leadership

သင့်အနေနဲ့ ဘယ်လိုအခက်အခဲပဲ ကြုံကြုံ အမျက်ဒေါသမထွက်ဘဲ အေးအေးလူလူ အလုပ်လုပ်နေနိုင်တဲ့ လူမျိုးကို မြင်ဖူးမှာပါ။ ဒါမှမဟုတ် သင်တွေ့ဖူးတဲ့ ခေါင်းဆောင်ကောင်းတွေထဲမှာ ကိုယ့်လက်အောက် ငယ်သားတွေအပေါင် ယုံကြည်မှုအပြည်အ၀ရှိပြီးတော့ ကိုယ့်လူစကားကို အမြဲနားထောင်းပေးတဲ့၊ ပြည့်ဝတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ပေးတဲ့သူမျိုးကိုလည်း တွေ့ဖူးမှာပါ။ ဒါတွေဟာ Emotional Intelligence ရှိတဲ့ သူတွေရဲ့ လက္ခဏာတချို့ပဲ ဖြစ်ပါတယ်။ Emotional Intelligence ဆိုတာဘာလဲ? အရှင်းဆုံးပြောရရင်တော့ ကိုယ့်ရဲ့စိတ်ခံစားမှု အတက်အကျကို သိရှိနားလည်ပြီး စီမံခန့်ခွဲနိုင်တဲ့ အရည်အသွေးကို ဆိုလိုပါတယ်။ ထပ်ပြီးချဲ့ပြောရမယ်ဆိုရင်တော့ ကိုယ်တင်မဟုတ်ပါဘူး၊ ကိုယ့်အနီးအပါးမှာ ရှိနေတဲ့ လူတွေရဲ့ ခံစားမှုတွေကိုပါ နားလည်ပြီး စီမံခန့်ခွဲနိုင်ခြင်းကို ဆိုလိုပါတယ်။ Emotional Intelligence စွမ်းရည် ရှိနေတဲ့သူအနေနဲ့ ကိုယ့်ရဲ့ ခံစားချက်အတိုင်းအတာကို ကိုယ်တိုင်နားလည်ပြီးတော့ အဲဒီစိတ်လှုပ်ရှားမှုတွေဟာ ကိုယ့်ပတ်ဝန်းကျင်ကို ဘယ်လို အကျိုးသက်ရောက် စေသလဲဆိုတာ သိနားလည်ကြပါတယ်။ ဥာဏ်ရည်ဥာဏ်သွေး

Read more