ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ အဆက်မပြတ်ဝင်ရောက်လည်ပတ်လျက်ရှိ

ဟိုတယ်နှင့်ခရိးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ ခရီးသွာကုမ္ပဏီများ၏ စီစဉ်ဆောင်ရွက်မှုဖြင့် နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်များမှ တစ်ဆင့်မြန်မာနိုင်ငံအတွင်းသို့ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် မော်တော်ယာဉ်တန်း၊ မော်တော်ဆိုင်ကယ်ယာဉ်တန်း၊ စက်ဘီးယာဉ်တန်း၊ ခရီးစဉ်များဖြင့်လည်းကောင်း၊ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် အပျော်စီးသင်္ဘောများဖြင့် လည်းကောင်း ၀င်ရောက်လည်ပတ်လျက်ရှိပါသည်။

Myanmar Zarmani Creative Tours Co.,Ltd. ၏ စီစဉ်ဆောင်ရွက်မှုဖြင့် အမေရိကန်နိုင်ငံသားအဖွဲ့ဝင် ၃၀ ဦးတို့သည် အောက်တိုဘာ ၃၀ ရက်တွင် ရန်ကုန်မြို့သို့ရောက်ရှိလာပြီး ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ခရီးစဉ်များဖြစ်သော ကလေး-ကလေး-မော်လိုက်-ကင်းတပ်-စစ်တောင်း-ဖောင်းပြင်-ယုဝ-ဟဲလှောင်-သော်ထွဋ် -ဟုမ္မလင်း-ထမံသီ-ခန္တီးများသို့ လည်ပတ်ပြီး မြန်မာ့လူနေမှုဓလေ့စရိုက်များ၊ မြစ်ကြောင်းတစ်လျှောက် အလှအပရှုခင်းများနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို သွားရောက်လေ့လာခဲ့သည်။

Touristထို့အပြင် Silver Hills Travels & Tours Co.,Ltd. ၏ စီစဉ်ဆောင်ရွက်မှုဖြင့် အိန္ဒိယနိုင်ငံသား အဖွဲ့ဝင်ခြောက်ဥိးတို့သည် အောက်တိုဘာ ၂၀ ရက်တွင် မော်တော်ယာဉ်နှစ်စီး၊ မော်တော်ဆိုင်ကယ် တစ်စီးဖြင့် တမူးမြို့မှ ၀င်ရောက်လာပြီး မုံရွာ-မန္တလေး-ပုဂံ-ညောင်ရွှေ-နေပြည်တော်-ရန်ကုန်မြို့များသို့ သွားရောက်လေ့လာလည်ပတ်ခဲ့ကြပြီး အောက်တိုဘာလ ၂၈ ရက်တွင် မြ၀တီမြို့မှတဆင့် ထိုင်းနိုင်ငံမဲဆောက်မြို့သို့ ပြန်လည်ထွက်ခွာသွားသည်။

ကမ္ဘာလှည့်ခရီးသွားများသည် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မြန်မာနိုင်ငံသို့ စဉ်ဆက်မတြ် ၀င်ရောက်လည်ပတ်၍ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ အနုပညာလက်ရာများ၊ ရိုးရာဓလေ့ထုံးစံများ၊ သဘာဝအလှအပရှုခင်းများ၊ လက်မှုပညာရပ်များနှင့် တိုင်းရင်းသားလူမျိုးများ၏ လူနေမှုဓလေ့စရိုက်များကို တစ်ဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့ဖြင့်သော်လည်းကောင်း မော်တော်ယာဉ်တန်းခရီးစဉ်များ၊ မော်တော်ဆိုင်ကယ်ယာဉ်တန်းခရီးစဉ်များ၊ စက်ဘီးယာဉ်တန်းခရီးစဉ်များအပြင် ရေကြောင်းခရီးစဉ်များဖြစ်သော ဧရာဝတီမြစ်ကြောင်းနှင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ခရီးစဉ်မျာကိုလည်း မြစ်တွင်းသွား အပျော်စီးသင်္ဘောများဖြင့် လာရောက်လည်ပတ်မှုများ ပိုမိုတိုးတက်များပြားလာကြောင်း သတင်းရရှိသည်။

ကြေးမုံ၊ ၁၄၊ နိုဝင်ဘာလ။

Leave a Reply

Your email address will not be published. Required fields are marked *