ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ဧရာဝတီမြစ်ကြောင်းတလျှောက်ပြည်တွင်းသွား အပျော်စီးသင်္ဘောဖြင့် လည်ပတ်

ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ ခရီးသွားကုမ္ပဏီများ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကမ္ဘာလှည်ခရီးသွားဧည့်သည်များသည် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ပြည်တွင်းသွားအပျော်စီးသင်္ဘောများဖြင့် ခရီးစဉ်များကို သွားရောက်လည်ပတ်လျက်ရှိသည်။Foreigners in MyanmarInterconnection Travels & Tours Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် သြစတြေးလျနိုင်ငံသား ဧည့်သည် ၃၅ ဦးတို့သည် စက်တင်ဘာလ ၁ ရက် တွင် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် လာရောက်ခဲ့ ကြပြီး စက်တင်ဘာလ ၂ ရက်နေ့တွင် RV Sriksetra ရေယာဉ်ဖြင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မန္တလေး – ကျောက်မြောင်း – နွယ်ငြိမ်း – တကောင်း – ကသာ – ဆင်ကိန်း – ကသာ – မိုးသား – မင်းကွန်း – အင်းဝ – စစ်ကိုင်း – မုံရွာ – ရန္တပို – ရွှေပြည်သာ – ပုဂံ – မန္တလေးမြို့ ခရီးစဉ် ဒေသများသို့ လည်းကောင်း၊ Interconnection Travels & Tours Co., Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့်ပင် သြစတြေးလျနိုင်ငံသား ဧည့်သည် ၄၂ ဦးတို့သည် စက်တင်ဘာလ ၂၂ ရက်တွင် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တစ်ဆင့် လာရောက်ခဲ့ကြပြီး ယင်းနေ့ တွင်ပွင် RV Srisetra ရေယာဉ်ဖြင့် ဧရာဝတီမြစ်ကြောင်းတလျှောက် မန္တလေး – မြင်းမူ – မုံရွာ – စစ်ကိုင်း – အင်းဝ – အမရပူရ – မန္တလေး – ကျောက်မြောင်း -နွယ်ငြိမ်း – တကောင်း – ကသာ – ဆင်ကိန်း – ကသာ – မိုးသား – မင်းကွန်း – မန္တလေးမြို့ ခရီးစဉ်ဒေသများသို့ လည်းကောင်း သွားရောက် လည်ပတ်ခဲပြီးနောက် စက်တင်ဘာ ၁၁ ရက်နှင့် ၂၉ ရက်တို့တွင် မန္တလေးမြို့မှ ပြည်ပသို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။

အလားတူ Upland Travels & Tours Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဆွစ်ဇာလန်နိုင်ငံသား ဧည့်သည် ၁၈ ဦးတို့သည် စက်တင်ဘာ ၂၉ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် လာရောက်ခဲ့ကြပြီး RV Thurgau Exotic အပျော်စီး ရေယာဉ်ဖြင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရန်ကုန် – မန္တလေး – အမရပူရ – နွယ်ငြိမ်း – ကြာညှပ်ရွာ – တကောင်း – ထီးချိုင့်ရွာ – ကသာ – ကျွန်းတော် – ရွှေဂူ – စင်ခန်း – ဗန်းမော် – မိုးတားရွာ – သိဃ်းဖာတောင် – ကျောက်ပုံရွာ – မင်းကွန်း – စစ်ကိုင်း – ရွှေပြည်သာ – ပုဂံမြို့များသို့ သွားရောက်လည်ပတ်ခဲကြပြီးနောက် အောက်တိုဘာ ၁၄ ရက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်ပသို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။

ကမ္ဘာလှည့်ခရီးသည်များသည် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် အပြည်ပြည်ဆိုင်ရာ လေကြောင်း၊ ရေကြောင်း ခရီးစဉ်များသာမက နယ်စပ်ဖြတ်ကျော်ခရီးစဉ်များဖြင့် မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်ကာ လေယာဉ်၊ မော်တော်ယာဉ်၊ ဆိုင်ကယ်၊ စက်ဘီး စသည်တို့ဖြင့် လှည့်လည် လေ့လာကြသကဲ့သို့ ပြည်တွင်းသွားအပျော်စီးရေယာဉ်များဖြင့်လည်း ဧရာဝတီမြစ်ကြောင်းခရီးစဉ်၊ ချင်းတွင်းမြစ်ကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံ၏ သဘာဝအလှအပရှုခင်းများ ရှေးဟောင်းယဉ်ကျေးမှုလက်ရာများ၊ လက်မှုပညာလုပ်ငန်းများ၊ တိုင်းရင်းသားများ၏ ရိုးရာဓလေ့စရိုက်နှင့် နေထိုင်မှုပုံစံများကို ထိတွေ့ခံစားသိရှိလို၍ ယခင်ကထက် ပိုမိုစိတ်ဝင်စားစွာ လာရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။

ကြေးမုံ၊ ၂၄ အောက်တိုဘာလ။

Leave a Reply

Your email address will not be published. Required fields are marked *