Phandeeyar က ကျင်းပပြုလုပ်မယ့် STARTUP CHALLANGE (Nov 14 ~ 22)

phandeeyar workshop

Photo: Phandeeyar Facebook Page

မိတ်ဆွေတို့ဆီမှာ Business idea တွေရှိပါသလား ? ဒါမမဟုတ် Startup တစ်ခုခု ပြုလုပ်ချင်ပါသလား ??

ဖန်တီးရာမှာ ကျင်းပမယ့် STARTUP CHALLENGE မှာပါဝင်လိုက်ပါ။ Global Entrepreneurship Week နဲ့ ပူးပေါင်းကျင်းပမယ့် STARTUP CHALLENGE ကို ဖန်တီးရာမှာ နိုဝင်ဘာလ ၁၄ ကနေ ၂၂ ရက်နေ့ထိကျင်းပပါ့မယ်။

တစ်ပတ်တာကြာမြင့်မှာဖြစ်ပြီး Business Model Canvas တစ်ခုနဲ့ Business Model တစ်ခုကို Develop လုပ်တာတွေပါဝင်မှာ ဖြစ်ပါတယ်။ Business Model Canvas ဆိုတာ တစ်ကမ္ဘာလုံးရှိ Startupတွေက စီးပွားရေး idea အသစ်များရရှိစေရန်အသုံးပြုသော tool တစ်ခုဖြစ်ပါတယ်။

Business Model Canvas နဲ့ ပက်သက်တဲ့ workshop တွေအပြင် မြန်မာနိုင်ငံ Startup Community ထဲမှ အရေးပါထင်ရှားသော ပုဂ္ဂိုလ်များကို ဖိတ်ခေါ်ပြီး Startup Challenge ထဲမှာ ပါဝင်ကြသူများကို အကြံဥာဏ်ပေးခြင်း ၊ ကူညီခြင်းများ ကို ပြုလုပ်ပေးကြမှာဖြစ်ပါတယ်။

Startup Challenge ကို ပါဝင်တက်ရောက်ဖို့ အထူးသဖြင့် business idea ရှိပြီးတဲ့သူတွေ၊ Startup တွေမှာ အလုပ်လုပ်ချင်တဲ့သူတွေကို ဖိတ်ခေါ်ပါတယ်။ စီးပွားရေးလုပ်ငန်း စတင်ထားပြီး မိမိတို့ရဲ့ လက်ရှိစီးပွားရေး Model ကို ပြုပြင်စေချင်နေသူတွေကိုလည်း တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။

မိတ်ဆွေက ဒီဇိုင်နာ ၊ အင်ဂျင်နီယာ ၊ developer ၊ marketer ၊ စာရင်းကိုင် စသည်ဖြင့် လုပ်ကိုင်နေပြီး မိမိတို့ အကြံဥာဏ်ဖြင့် အဖွဲ့တွေဖွဲ့ပြီး Business Idea တွေ လုပ်ချင်နေတယ်ဆိုရင် ပါဝင်ဖို့ဖိတ်ခေါ်ပါတယ်။

ကျွန်တော်တို့ အဖွဲ့ ၁၂ ဖွဲထိလက်ခံမှာဖြစ်ပြီး တစ်ဖွဲ့မှာ ၂ယောက်ကနေ ၅ ယောက်အထိ Startup Challenge မှာ ပါဝင်လို့ရပါတယ်။

ဝင်ခွင့်လျှောက်လွှာရယူရန် https://goo.gl/ovlySd

Leave a Reply

Your email address will not be published. Required fields are marked *