SMEများ ဖွံ့ဖြိုးတိုးတတ်ရေး အထောက်အကူပြုဟောပြောဆွေးနွေးပွဲ Saturday SME Talk

အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတတ်ရေးအထောက်အကူပြု
ဆပ်ကော်မတီ( Delivery Unit)၏SMEများ ဖွံ့ဖြိုးတိုးတတ်ရေး အထောက်အကူပြုဟောပြောဆွေးနွေးပွဲ Saturday SME Talk အား အများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာခြင်း (စက်မှုဝန်ကြီးဌာန)

အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတတ်ရေး အထောက်အကူပြု ဆပ်ကော်မတီသည် ဂျာမနီနိုင်ငံ GIZ နှင့် ပူးပေါင်း လျက် မြန်မာ SME လုပ်ငန်းများဖွံ့ဖြိုးတိုးတတ်မှုရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိရာတွင် SME များ ၏ အရေးပါသော အခန်းကဏ္ဍကို နားလည်မှုရှိစေရန် ၊ SME များ၏ ဖွံ့ဖြိုးတိုးတတ်ရေး ဆောင်ရွက်ရမည့် အသိပညာများကို ဖြန့်ဝေပေးရန် နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတတ်မှု လုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရမှ ချမှတ်ထားသည့် မူဝါဒနှင့် ဥပဒေဆိုင်ရာများ အား ဆွေးနွေးရန် စသည့် ရည်ရွယ်ချက်များဖြင့် GIZ နှင့် ပူးပေါင်း၍ Saturday SME Talk ဆွေးနွေးပွဲ အား (၅)ကြိမ်မြောက်အဖြစ် အောက်ပါအတိုင်း ကျင်းပမည်ဖြစ်ပါသည်-

ဆွေးနွေးမည့်ခေါင်းစဉ် – Developing SME Brands

ဆွေးနွေးမည့်ပုဂ္ဂိုလ် -ဦးအောင်ချစ်ခင်
MD,Strategy First Institute

ဆွေးနွေးပွဲကျင်းပမည့်နေ့ရက် -၂၀၁၅ခုနှစ်၊ အောက်တိုဘာလ (၃)၇က် ၊စနေနေ့

ဆွေးနွေးပွဲကျင်းပမည့်အချိန် -နေ့လယ် (၁၃ :၀၀)နာရီ မှ (၁၅ :၀၀)နာရီထိ
ဆွေးနွေးပွဲကျင်းပမည့်နေရာ -SMEs Development Department (Yangon)၊အမှတ်(၃၅-ဘီ/၁၅)၊တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
အဆိုပါဟောပြောဆွေးနွေးပွဲသို့စိတ်ပါဝင်စားမှုရှိသည့်SMEလုပ်ငန်းရှင်များမည်သူမဆိုတက်ရောက်နိုင်ပါကြောင်း ကြေငြာအပ်ပါသည်။ ဟောပြောဆွေးနွေးပွဲသို့ တက်ရောက်လိုသူများသည် (၁.၁၀.၂၀၁၅)ရက်၊ကြာသပတေးနေ့နောက်ဆုံးထား၍ဒုတိယညွှန်ကြားရေးမှူး၊ဒေါက်တာအိရွှေစင်ထွန်း၊ဖုန်း၀၁၈၆၀၃၈၂၆၊၀၁-၈၆၀၃၈၂၇၊ဖက်စ်၀၁-၅၄၆၀၅၁ ၊ Email: smeyangon@gmail.com သို့စာရင်းပေးသွင်းနိုင် ပါသည်။

လူဦးရေ(၁၀၀)ဦးသာ ကန့်သတ်လက်ခံမည်ဖြစ်သောကြောင့် အမြန်ဆုံးစာရင်းပေး သွင်းနိုင်ပါရန်မေတ္တာရပ်ခံအပ်ပါသည်။

 

Credit: https://www.facebook.com/SME-Development-Department-Ministry-of-Industry-Myanmar-1597134087164727

Leave a Reply

Your email address will not be published. Required fields are marked *