SME Are you ready for investor? (18 November 2015)

အသေးစားအလတ်စား လုပ်ငန်းများအား ရင်းနှီးမြှုပ်နှံမှုရရှိရေးအတွက် ပြင်ဆင်ဆောင်ရွက်ခြင်း
———————–
လက်ရှိမှာ အခြေကျခိုင်မာနေတဲ့ လုပ်ငန်းတစ်ခုကို သင်တည်ထောင်ခဲ့ပြီးပြီ။ သင့်မှာ အလုပ်တွေကများ ၊ ရည်မှန်းချက်ကလည်း ကြီးမား ၊ သင့်လုပ်ငန်းကိုလည်း ဒီထက်ပိုမို အောင်မြင်ချင် ၊ နောက်ထပ် စိတ်ကူးသစ်တွေကို အကောင်အထည်ဖော်ချင် ၊ ကုန်စည်သစ်တွေကို ထုတ်လုပ်ချင် ၊ ပြီးတော့ဈေးကွက်အသစ်တွေထဲကို ထိုးဖောက်ဝင်ရောက်ချင်တယ်။ ဒါပေမယ့် ဒါတွေဖြစ်လာအောင် ဘယ်လိုလုပ်မလည်း။ ပိုမိုခမ်းနားတဲ့ ကိုယ့်စိတ်ကူးအိပ်မက် တစ်ခုကို စံနစ်တကျနဲ့ ရေရှည်တည်တံ့သွားမယ့် လုပ်ငန်းတစ်ခုအဖြစ်ရောက်အောင် ဘယ်လိုအကောင်အထည်ဖော် ဆောင်ရွက်သွားမလည်း။

အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံမှာလည်း အသေးစား အလတ်စားလုပ်ငန်းတွေကို လည်ပတ်ရတာ ခက်ခဲပါတယ်။ လုပ်ငန်းတိုးချဲ့ရေးကို အောင်မြင်အောင်ဆောင်ရွက်ဖို့ဆိုတာ ကိုယ့်မှာရှိတဲ့ အားသာချက်၊ အားနည်းချက် ၊ ကိုယ်ပိုင်အရည်အသွေး အစရှိတာတွေကို ကောင်းမွန်စွာ အသုံးပြု နိုင်ဖို့ နားလည်ရပါမယ်။ ဆိုလိုတာက လုပ်ငန်းတိုးတက်ဖို့ အလားအလာအရှိဆုံးအပိုင်းကဘာလည်း၊ အဲဒီအချက်ကို မဟာဗျူဟာကျကျ ဘယ်လိုသုံးမလည်း ၊ ပြီးတော့ အဲဒီ မဟာဗျူဟာကို ဘယ်လို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်မလည်း အဲဒါတွေကို ကောင်းကောင်းနားလည်ရမယ်။

လုပ်ငန်းတိုးချဲ့ဖို့ဆိုရင် ပူးပေါင်းဆောင်ရွက်ပေးမယ့် လုပ်ငန်းဖော်တွေလည်း လိုအပ်ပါတယ်။ ပြည်တွင်း ၊ ပြည်ပ ကရင်းနှီးမြုပ်နှံသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းကနေ မိမိလုပ်ငန်း ပိုမိုအောင်မြင်စွာ တိုးချဲ့နိုင်ဖို့အတွက် လိုအပ်တဲ့ အတွေ့အကြုံ ၊ အရင်အနှီး ၊ လုပ်ငန်းလည်ပတ်နိုင်စွမ်း ၊ နည်းပညာ နဲ့ ဖောက်သည်အသစ်တွေကိုပါရရှိစေနိုင်ပါတယ်။

Building Markets, Anthem Asia, MYEA နှင့် Insitor Management သည် ၀န်ဆောင်မှု (service)နှင့် ထုတ်လုပ်မှု (manufacturing) ကဏ္ဍတွင်လုပ်ဆောင်နေသော လုပ်ငန်းရှင်များကို ရင်းနှီးမြှုပ်နှံသူများနှင့် စပ်တူလုပ်ရာတွင် တွေ့ကြုံရမည့် အခွင့်အရေး၊ အကျိုးအမြတ်များ နှင့်စိန်ခေါ်မှုများကို ဆွေးနွေးရန် ဖိတ်ခေါ်ပါသည်။

လုပ်ငန်း လည်ပတ်ရန်အတွက်လိုအပ်သော ကနဦး အလုပ်ရုံဆွေးနွေးပွဲသည် ရင်းနှီးမြုပ်နှံသူများအတွက် တံခါးများဖွင့်ပေးခြင်း၏ ကောင်းကျိုး နှင့် ဆိုးကျိုးများကို ချိန်ထိုး ယှဉ်ပြသွားမည်ဖြစ်ပြီး ၊ ကျွမ်းကျင်သူ ပညာရှင်များဖြင့် ပွင့်လင်းစွာဆွေးနွေးသွားနိုင်မည်ဖြစ်သည်။ ၄င်း အလုပ်ရုံဆွေးနွေးပွဲ ပြီးဆုံးပါက စိတ်ပါဝင်စားသူ SME များအနေဖြင့် အလားအလာရှိသော ရင်းနှီးမြုပ်နှံသူများနှင့် မည်သို့ အဆင်ပြေချောမောစွာ ပူးပေါင်း ဆောင်ရွက်နိုင်မည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်သော ၃ လတာကြာမြင့်မည့် အစီစဉ်သို့ အခမဲ့ ပူးပေါင်းပါဝင်နိုင်မည်ဖြစ်သည်။

ရက်စွဲ။ ။ ၁၈ နိုဝင်ဘာ ၂၀၁၅
အချိန်။ ။ 2pm – 5pm
အစီအစဉ်။
2pm- 3pm ဆွေးနွေးပွဲ
3pm- 3:15 နားချိန်
3:15pm- 4:15 အသေးစားဆွေးနွေးပွဲ (၆-၈ စားပွဲဝိုင်း)
4:15pm – 5pm မေးမြန်းခြင်း

SME investor

One comment

Leave a Reply

Your email address will not be published. Required fields are marked *