SME Business Plan Creation and Competition (17 November 2015)

သို့
SMEs များ၊ Business Idea ရှိသောလုပ်ငန်းစတင်တည်ထောင်လိုသူများ၊ လုပ်ငန်းလုပ်ကိုင်ရန်စိတ်ပါဝင်စားသောလူငယ် Entrepreneur များရှင်

နိုင်ငံတကာတွင် လုပ်ငန်းစတင်တည်ထောင်လိုသူ Entrepreneur များသည် ၄င်းတို့၏ လုပ်ငန်းအကောင်အထည်ဖော်လာရန်အတွက် ရင်းနှီးမြှုပ်နှံ့သူ (Angel Investors )များအား၎င်းတို့၏လုပ်ငန်းကိုစိတ်ပါဝင်စားစွာရင်းနှီးမြှုပ်နှံလာစေရန် Business Plan ပြိုင်ပွဲများတွင်ဝင်ရောက်ယှဉ်ပြိုင် ပြီး IDEA မှ PLAN ဖြစ်လာအောင်ဆောင်ရွက်ကြပါသည်။ အဆိုပါ လေ့အထမျိုးမြန်မာနိုင်ငံတွင် ဖြစ်ထွန်းလာစေရန် နှင့် စိတ်ကူးများကို လက်တွေ့ကြကြ ပုံဖော်ရာတွင် အထောက်အကူဖြစ်စေရန် ထိရောက်သော Entrepreneur Culture တစ်ခု ကို အားပေးမြှင့်တင် ၀ိုင်ဝန်းပုံဖော်ပေးရန်ရည်ရွယ် ပြီးBusiness Plan Creation and Competition ပြိုင်ပွဲကိုကျင်းပမည်ဖြစ်ပါသည်။

သေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတတ်ရေးအတွက်အထောက်အကူပြုစေရန်နှင့် ဆန်းသစ်တီထွင်ဆောင်ရွက်လုပ်ကိုင်မှုကိုအားပေးဆောင်ရွက်နိုင်စေရန် ရည်ရွယ်လျက် Business Plan Creation and Competition ပြိုင်ပွဲကို (၁၈.၁၁.၂၀၁၅) ရက်နေ့ တွင် ကျင်းပမည် ဖြစ်သောကြောင့် SMEs များ၊ Business Idea ရှိသော လုပ်ငန်းစတင်တည်ထောင်လိုသူများ ပါဝင်ယှဉ်ပြိုင်နိုင်ပါကြောင်းကို လေးစားစွာ အသိပေးဖိတ်ခေါ်လိုပါသည်။
ပေးအပ်မည့်ဆုများမှာ-
ပထမဆု -၃၀၀၀၀၀ကျပ်(၃သိန်း)
ဒုတိယဆု-၂၀၀၀၀၀ကျပ်(၂သိန်း)
တတိယဆု-၁၀၀၀၀၀ကျပ်(၁သိန်း)
ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် (၁၇.၁၁.၂၀၁၅)ရက်နေ့နောက်ဆုံးထားပြီးဒုတိယညွှန်ကြားရေးမှူးဒေါက်တာအိရွှေစင်ထွန်း၊လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ကြည်လင်းခိုင် ဖုန်း၀၁-၈၆၀၃၈၂၆၊၀၁-၈၆၀၃၈၂၇၊ဖက်စ် ၀၁-၅၄၆၀၅၁၁ email.com:smeyangon@gmail.com သို့အမည်စာရင်းပေးပို့ပါရန်

Business Plan Creation

Leave a Reply

Your email address will not be published. Required fields are marked *