သူသင့်ကို လိမ်နေသလား။

စီးပွားရေးလောကဆိုတာ မတစ်ထောင်သားပေါင်းများစွာနရှုပ်ထွေးပွေလီလှပါတယ်။ ရိုးသားကြိုးစားတဲ့ လုပ်ငန်းရှင်တွေရှိသလို အချောင်လိုချင်၊ လိမ်ညာစားနေကြတဲ့သူတွေလည်း ဒုနဲ့ဒေးပါ။ အလိမ်ခံလိုက်ရလို့ ဆုံးရှုံးသွားကြတဲ့သူတွေလည်းမနည်းပါဘူး။ ဒါကြောင့် လိမ်ညာနေတဲ့သူတစ်ယောက်ရဲ့ သတိမထားမိတတ်တဲ့ အချက်ပေးအပြုအမူလေးတွေကို သိထားရင်တော့ သူကိုယ့်ကို လိမ်နေသလားဆိုတာ ယေဘုယျအားဖြင့် ဂရုပြုမိမှာဖြစ်ပါတယ်။Communication Entrepreneurs

၁။ သူတို့ဟာ အကြည့်ချင်းမဆုံမိအောင် ကြိုးစားနေတတ်ကြတယ်။ ဒါမှမဟုတ် မျက်လုံး အလွန်ကစားနေပြီးတော့ သူ့ရဲ့ သူငယ်အိမ်ဟာလည်း ကျဉ်းမြောင်းနေပါမယ်။

 

၂။ စကားပြောနေချိန်တွေမှာ ပါးစပ်ကို လက်နဲ့ ခဏခဏကာ မိနေပါမယ်။

 

၃။ သူ့ရဲ့ ခန္ဓာကိုယ်ကို သင်နဲ့ဝေးရာဘက်သို့ စောင်းထားပါမယ်။ ပြီးတော့ ပုံစံမကျတဲ့ ကိုယ်ဟန်အနေအထား ဖြစ်နေပါလိမ့်မယ်။

 

၎။ အသက်ကို မြန်မြန် ရှူနေပါလိမ့်မယ်။

၅။ အသားအရောင်က ပြောင်းနေတာကို သင်သတိထားမိပါလိမ့်မယ်။ အထူးသဖြင့် လည်ပင်းအထက်ပိုင်းမှာ ပိုနီနေပါလိမ့်မယ်။

 

၆။ ဇောချွေးတွေလည်း ပြန်နေတတ်ပါတယ်။

 

၇။ အသံက စူးအက်အက်ဖြစ်နေတတ်ပြီး တခါတခါ လည်ချောင်းလည်း ရှင်းတတ်ပါသေးတယ်။

တစ်ဦးနဲ့ တစ်ဦး အပြုအမူတွေဟာ ခြားနားနေပါတယ်။ သင်သာ အဲဒီလို အမူအယာပျက်နေတဲ့ အပြုအမူမျိုးကို တွေ့ရတိုင်း အဲဒီလူဟာ လိမ်ပြောနေတာပဲလို့ စောလျှင်စွာ ကောက်ချက်ချလို့မရပါဘူး။ ဘာလို့လဲဆိုတော့ ဖော်ပြပါ အပြုအမူတွေဟာ စိုးရိမ်ကြောင့်ကျနေတဲ့ လူတွေမှာလည်း ဖြစ်နေတတ်လို့ ဖြစ်ပါတယ်။ အဲလို အပြုအမူတွေ တွေ့ရပြီဆိုရင်တော့ သင် သူ့ကို မေးခွန်းတွေ ပိုမေးသင့်ပါတယ်။ သူယုံကြည်ရသလား သိရအောင် အသေးစိတ်အချက်အလက်တွေကမှ အစ သတိထားမှတ်သားပြီး မေးမြန်းသင့်ပါတယ်။ ဒါမှသာ တပါးသူက ကိုယ့်ရဲ့ ယုံကြည်မှုကို ခုတုံးလုပ်ပြီး လိမ်ညာတာတွေ မလုပ်နိုင်မှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *