စီမံခန့်ခွဲမှု နှင့် ခေါင်းဆောင်မှု

Management (စီမံခန့်ခွဲမှု)

စီမံခန့်ခွဲမှုဆိုတာ ကုမ္ပဏီတိုင်းအတွက်အရေးကြီးဆုံး လုပ်ဆောင်ရမည့် အလုပ်ပါဘဲ။ ကုန်ချင်းဖလှယ်ရောင်းဝယ်တာနဲ့ လှည့်စားမှုတွေကို ဆန့်ကျင်ကိုင်တွယ်တဲ့ အလုပ်လို့ပြောလည်းရပါတယ်။

Management and Leadershipကုမ္ပဏီမှာရှိတဲ့ လူတိုင်းမှာ သူမတူခြားနားတဲ့ အစီအစဉ်တွေ ရှိတတ်ကြ ပါတယ်။ ကြော်ငြာမန်နေဂျာ က ကြော်ငြာတွေ ပိုထုတ်ခြင်းနှင့် ကုမ္ပဏီကို ကယ်တင်ရမယ်လို့မြင်တယ်။ အရောင်းမန်နေဂျာကလည်း အရောင်းသမားတွေ ထပ်လိုချင်တယ်။ အရောင်းမြှင့်တင်ရေး မန်နေဂျာကလည်း ကုန်ပစ္စည်းကို ဈေးကွက်ထဲမှာ ထိုးဖောက်ဖို့ အတွက် ငွေတောင်းခံမယ်။ ဒီလိုမျိုး ကိုယ်လုပ်ချင်ရာလုပ်မယ်ဆိုရင် ကုမ္ပဏီအရှုံးပြရုံဘဲရှိမှာပါ။ ဌာနတစ်ခုချင်းစီမှာ သူ့အစီအစဉ်နဲ့ သူရှိနေတာက ကုမ္ပဏီရဲ့အစီအစဉ် မဖြစ်မြောက်သေးပါဘူး။

ကုမ္ပဏီရဲ့အဓိက ဦးစီးရှေ့ဆောင်မှုဆိုတာ စည်းကမ်းတကျ ၀ိုင်းဝန်းလုပ်ဆောင်တဲ့ စီမံကိန်းတွေအရ ခရီးရောက်အောင်မြင် ရမှာဖြစ်ပြီး ဌာနဆိုင်ရာ စီမံကိန်းလောက်နဲ့ ပြီးမြောက်မှာမဟုတ်ပါဘူး။ ဌာနပေါင်းစုံက စုပေါင်းညီညွတ်စွာ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

Leadership (ခေါင်းဆောင်မှု)

မန်နေဂျာအားလုံးဟာ ခေါင်းဆောင်တွေဖြစ်သင့်ပေမယ့် အများစုဟာ စီမံအုပ်ချုပ်သူတွေသာဖြစ်နေကြပါတယ်။ သူတို့ဟာ အချိန်တော်တော်များများကို ဘတ်ဂျက်ငွေစာရင်း၊ အဖွဲ့အစည်း ပုံစံဇယား၊ ကုန်ကျစရိတ် အလျော့ပေးလိုက်နာခြင်းတွေနဲ့ အစစအရာရာ စီမံအုပ်ချုပ်သူသာ ဖြစ်နေတာပါဘဲ။ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ လူတွေနဲ့ အချိန်ကုန်ခံပြီး ပိုပေါင်းသင်းနေဖို့လိုသလို အခွင့်အလမ်းတွေကို ရှာကြံရပါမယ်။ ရည်မှန်းချက်ကို အကောင် အထည်ပေါ်အောင် ဆောင်ရွက်သင့်တယ်။ ပန်းတိုင်တွေချမှတ်ရမယ်။ ခေါင်းဆောင်ဆိုတာ ဆရာတွေဖြစ်ပြီး တခြားလူတွေကိုပါ ခေါင်းဆောင်ဖြစ်အောင် သင်ကြားပေးမှသာလျှင် ခေါင်းဆောင်အစစ်ဖြစ်ပါတယ်။ ကိုယ်သာလျှင် အတော်ဆုံး၊ အတတ်ဆုံး၊ တခြားသူသင်ပေးလည်း ကိုယ့်လောက်အဖြစ်ရှိမယ်မထင်လို့ တွေးနေသမျှကာလပတ်လုံး ကိုယ့်ကိုယ်ကို ခေါင်းဆောင်ကောင်းလို့ ဘယ်တော့မှ မတွေးမှတ်သင့်ပါ။

ခေါင်းဆောင်ကောင်းဆိုတာ သူ့လုပ်ဖော်ကိုင်ဖက်တွေရဲ့ ရိုးသားတဲ့ အတွေးအမြင်နဲ့ သုံးသပ်မှုတွေကို လိုလားတယ်။ အပြုသဘောဆောင်တဲ့ ငြင်းခုံမှုတွေနဲ့ သမားရိုးကျပုံစံက ဖောက်ထွက်ပြီး စဉ်းစားတွေးတောတာကို အားပေးပါတယ်။

ဒါကြောင့် “စစ်မှန်တဲ့ ခေါင်းဆောင်ဆိုတာ သူကိုယ်တိုင်ကြီးပွားချမ်းသာဖို့ လုပ်ရမှာမဟုတ်ဘဲ နောက်လိုက်တွေကို အကျိုးများအောင် လုပ်ပေးရမှာပါ။”

Leave a Reply

Your email address will not be published. Required fields are marked *