Emotional Leadership

သင့်အနေနဲ့ ဘယ်လိုအခက်အခဲပဲ ကြုံကြုံ အမျက်ဒေါသမထွက်ဘဲ အေးအေးလူလူ အလုပ်လုပ်နေနိုင်တဲ့ လူမျိုးကို မြင်ဖူးမှာပါ။ ဒါမှမဟုတ် သင်တွေ့ဖူးတဲ့ ခေါင်းဆောင်ကောင်းတွေထဲမှာ ကိုယ့်လက်အောက် ငယ်သားတွေအပေါင် ယုံကြည်မှုအပြည်အ၀ရှိပြီးတော့ ကိုယ့်လူစကားကို အမြဲနားထောင်းပေးတဲ့၊ ပြည့်ဝတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ပေးတဲ့သူမျိုးကိုလည်း တွေ့ဖူးမှာပါ။ ဒါတွေဟာ Emotional Intelligence ရှိတဲ့ သူတွေရဲ့ လက္ခဏာတချို့ပဲ ဖြစ်ပါတယ်။

Emotional Intelligence ဆိုတာဘာလဲ?

အရှင်းဆုံးပြောရရင်တော့ ကိုယ့်ရဲ့စိတ်ခံစားမှု အတက်အကျကို သိရှိနားလည်ပြီး စီမံခန့်ခွဲနိုင်တဲ့ အရည်အသွေးကို ဆိုလိုပါတယ်။ ထပ်ပြီးချဲ့ပြောရမယ်ဆိုရင်တော့ ကိုယ်တင်မဟုတ်ပါဘူး၊ ကိုယ့်အနီးအပါးမှာ ရှိနေတဲ့ လူတွေရဲ့ ခံစားမှုတွေကိုပါ နားလည်ပြီး စီမံခန့်ခွဲနိုင်ခြင်းကို ဆိုလိုပါတယ်။ Emotional Intelligence စွမ်းရည် ရှိနေတဲ့သူအနေနဲ့ ကိုယ့်ရဲ့ ခံစားချက်အတိုင်းအတာကို ကိုယ်တိုင်နားလည်ပြီးတော့ အဲဒီစိတ်လှုပ်ရှားမှုတွေဟာ ကိုယ့်ပတ်ဝန်းကျင်ကို ဘယ်လို အကျိုးသက်ရောက် စေသလဲဆိုတာ သိနားလည်ကြပါတယ်။

Emotional Leadershipဥာဏ်ရည်ဥာဏ်သွေး (Intelligence) ဟာ အောင်မြင်မှုအတွက် အရေးကြီးပေမဲ့ ကိုယ့်ရဲ့ စိတ်ခံစားမှုအပေါ် စိုးမိုးနိုင်မှုဖြစ်တဲ့ Emotional Intelligence ဟာလည်း သင့်ရည်မှန်းချက် အောင်မြင်ဖို့ သော့ချက်တစ်ခု ဖြစ်ပါတယ်။ ခုဆိုရင် စီးပွားရေးလုပ်ငန်းတော်တော်များများဟာ အဆိုပါ Emotional Intelligence ကို စစ်ဆေးပြီး ၀န်ထမ်းခန့်အပ်မှုတွေ ပြုလုပ်လာကြပါပြီ။ ဥပမာအနေနဲ့ အမေရိကားမှာရှိတဲ့ အလှကုန်ပစ္စည်းရောင်းဝယ်ရေး ကုမ္ပဏီတစ်ခုဟာ အရောင်းဝန်ထမ်းခန့်အပ်ရာမှာ အရင်နည်းလမ်းဟောင်းကို စွန့်လွှတ်ပြီး EI ကို စစ်ဆေးခန့်အပ်တဲ့ စနစ်သစ် စတင်အသုံးပြုခဲ့ပါတယ်။ ရလဒ်ကတော့ အရင်နည်းဟောင်းအတိုင်း ခန့်အပ်ထားတဲ့ ၀န်ထမ်းတွေနဲ့ယှဉ်ရင် တစ်ဦးကို ဒေါ်လာ ၉၁၀၀၀ ကျော် အကျိုးအမြတ်ပိုမိုရရှိခဲ့တာကို တွေ့ရပါတယ်။ အဆိုပါ Emotional Intelligence ကို မြှင့်တင်ဖို့ အောက်ပါအချက်တွေကို အသုံးပြုနိုင်ပါတယ်။

၁။ သင်ဟာ အခြားသူတစ်ဦးရဲ့ အပြုအမူ အပေါ်ကို ဘယ်လို တုန့်ပြန်တတ်သလဲဆိုတာ ပထမဦးဆုံး သိဖို့လိုအပ်ပါတယ်။ အဆိုပါတုန့်ပြန်မှုကို ကောင်းသလား မကောင်းဘူးလားဆိုတာ ရိုးသားစွာ စဉ်းစားပြီး သူ့နေရာမှ ကိုယ့်ကို အစားထိုးကြည့်ပါ။
၂။ နှိမ့်ချဆက်ဆံခြင်းဟာ ကောင်းမွန်တဲ့ အပြုအမူဖြစ်ပါတယ်။ အဲဒါက သင်ဟာ ရှက်ရွံ့တတ်သူ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိသူအဖြစ် ဖော်ပြရာမရောက်ပါဘူး။ တခြားသူများကိုလည်း အခွင့်အရေးပေးသင့်ပါတယ်။ အဖွဲ့အစည်းမှာ သင့်တစ်ယောက်ထဲ အချီးကျူးခံရဖို့ မျှော်လင့်မထားပါနဲ့။
၃။ သင့်ရဲ့ အားနည်းချက်တွေကို ပြန်လည်စီစစ်ပါ။ သင်ဟာ အရာရာပြည့်စုံနိုင်တဲ့သူမဟုတ်ပေမယ့် သင်အကောင်းဆုံးလုပ်နိုင်တဲ့ အလုပ်မျိုးတွေရှိနေပါတယ်။ ကိုယ့်ကိုယ်ကိုရိုးသားစွာ မြင်ကြည့်ပါ။
၎။ ကိုယ့်ရဲ့ အပြုအမူတွေအတွက် တာဝန်ယူမှုရှိရပါမယ်။ တခြားသူတစ်ဦးဦးကို သင်ထိခိုက်စေခဲ့ပါက သူ့ကို တောင်းပန်ပါ။ လျစ်လျှူမရှု့ပါနဲ့၊ တာဝန်မဲ့မနေပါနဲ့။ အမှားတစ်ခုအတွက် ရိုးသားစွာ အမှန်တကယ် ပြုပြင်လိုတဲ့သူတွေကို လူတွေက ခွင့်လွှတ်တတ်ကြပါတယ်။
၅။ သင့်ရဲ့အပြုအမူတွေက တခြားသူတွေ ဘယ်လိုထိခိုက်စေသလဲ သုံးသပ်ပါ။ မလုပ်ခင် သူတို့နေရာ အရင်ဝင်ပြီး ခံစားကြည့်ပါ။ တခြားသူခံစားရမယ့် အပြုအမူတစ်ခု မလုပ်မဖြစ်လုပ်ရတော့မယ်ဆိုရင် (ဥပမာ – စွမ်းဆောင်ရည်ကျဆင်းနေတဲ့ ၀န်ထမ်းကို သတိပေးရတော့မယ်) သူတို့ဖြစ်လာမယ့် ခံစားချက်ကို ဘယ်လိုကူညီပေးနိုင်လည်း ကြိုတင်စဉ်းစားထားပါ။

သင်ဟာ Emotional Intelligence အားဖြင့် သင့်ရဲ့လုပ်ငန်းတွေ၊ ရည်မှန်းချက်တွေ မှာ အောင်မြင်အောင် လို့ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ လူတွေနဲ့ ထိတွေ့ဆက်ဆံရမှုတွေကို စီမံခန့်ခွဲရတာဟာ ခေါင်းဆောင်ကောင်းတစ်ဦးရဲ့ အရည်အသွေးပဲဖြစ်ပါတယ်။ Emotional Intelligence အားဖြင့် သင့်ကိုယ်တွင်းမှ ခေါင်းဆောင်မှု စွမ်းရည် အစစ်အမှန်ကို ဖော်ထုတ်လိုက်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *