Time Management Tip ဆယ်ခု

သင့်အချိန်တွေကို သင် စနစ်တကျစီမံခန့်ခွဲနိုင်ဖို့ အောက်ပါအချက်ဆယ်ချက်ကို အသုံးချပါ။

၁။ အချိန်ဇယားတစ်ခုကို သင်သွားလေရာ၊ လုပ်လေရာနေရာတွေကို ယူသွားပြီး သင်လုပ်ခဲ့တာတွေ၊ စကားပြောခဲ့တာတွေ အားလုံးကို တပတ်တာအတွက် မှတ်သားထားပါ။ အဲလိုမှတ်သားထားတဲ့ အတွက်ကြောင့် တနေ့တနေ့ သင်ဘာတွေလုပ်ရင်းအချိန်ကုန်သလဲ၊ တန်ဖိုးရှိလှတဲ့ သင့်အချိန်တွေ ဘယ်တွေရောက်သွားလဲဆိုတာ သင်သိမြင်လာနိုင်မှာပါ။ ဒါ့အပြင် အကျိုးရှိတဲ့ရလဒ်တွေရဖို့ သင် အချိန်ဘယ်လောက်သုံးခဲ့လဲ၊ အရေးမကြီးတာတွေအတွက် သင်အချိန်ဘယ်လောက်ပေးခဲ့မိလဲဆိုတာကို လည်း သင်မြင်မှာပါ။

Clock with hand၂။ သင့်ကို အမှန်တကယ်အောင်မြင်စေမဲ့ အလုပ်တွေအတွက် အချိန်သပ်သပ်ဖယ်ထားဖို့ အလွန်အရေးကြီးပါတယ်။ တနေ့တာ To do list ကို လုပ်ရင်းလုပ်ရင်းနဲ့ သင်မလုပ်နိုင်လောက်အောင် ကို လုပ်ရမှာတွေ များပြားလာနိုင်ပါတယ်။ အဲဒီအခါကျရင်တော့ Appointment book က အသုံးဝင်လာပါပြီ။ အကျိုးရှိစေမယ့် အတွေးတွေတွေးဖို့၊ အရေးကြီးတဲ့ အစည်းအဝေးတွေလုပ်ဖို့၊ စကားစမြည်းပြောဖို့ စတာတွေအတွက် သင့်ကိုသင် ပြန်ပြီး အချိန်းအချက်လုပ်ပါ။ ဘယ်အချိန်စပြီးတော့ ဘယ်အချိန်ဆုံးမလဲ တိတိကျကျသတ်မှတ်ပါ။ သတ်မှတ်ထားချိန်အတွင်းသာ လုပ်ဖို့သင့်ကိုယ်သင် စည်းကမ်းချမှတ်ပါ။

၃။ သင့်အချိန်တွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကို အမှန်တကယ် Productive ဖြစ်မယ့် အတွေးတွေ တွေးဖို့၊ အလုပ်တွေလုပ်ဖို့ သတ်သတ်ဖယ်ထားပါ။

၎။ အနှောက်အယှက်ဝင်လာရင် ကာမိဖို့အတွက်လဲ အချိန်သပ်သပ်ဖယ်ထားပါ။ သင်အလုပ်လုပ်နေစဉ် တစ်ယောက်ယောက်က အကူအညီတောင်းလို့ လုပ်ပေးလိုက်ရတာမျိုးတွေ ဖြစ်တတ်တဲ့အတွက်ကြောင့် ပဲဖြစ်ပါတယ်။

၅။ မနက်စစချင်း သင့်ရဲ့တနေ့တာကို အစီအစဉ်ချမှတ်ဖို့ နာရီဝက်လောက်အချိန်ပေးပါ။ သင့်တနေ့တာရဲ့ အရေးကြီးတဲ့အချိန်က သင့်ရဲ့ Schedule ကို ဆွဲတဲ့အချိန်ပဲဖြစ်ပါတယ်။

၆။ သင်ဖုန်းခေါ်ဆိုနီးပဲဖြစ်ဖြစ်၊ တစ်ခုခုလုပ်ခါနီးပဲဖြစ်ဖြစ် အချိန်ငါးမိနစ်လောက်ယူပြီး သင်ဘာ result လိုချင်လဲဆိုတာ စဉ်းစားပါ။ အဲလိုလုပ်ခြင်းဖြင့် သင်အလုပ်မစတင်မှီကပင် သင်ဘာကို ရရမလဲဆိုတာ ကြိုမြင်ပြီးဖြစ်ပါလိမ့်မယ်။

၇။ သင်အမှန်တကယ်ကို အလုပ်ပြီးဖို့ လိုနေပြီဆိုက “အနှောက်အယှက် မပေးပါနှင့်။” “Do Not Disturb” ဆိုတာ့ စာတမ်းကို ချိတ်ထားလိုက်ပါ။

၈။ ဖုန်းအသံမည်ယုံနဲ့၊ အီးမေးလ်ဝင်လာတာကို သင်မြင်ယုံလေးနဲ့ ချက်ချင်းဖုန်းကိုင်၊ ချက်ချင်းအီးမေးလ်ပြန်တဲ့ အကျင့်ကို သင်မမွေးမြူထားပါနဲ့။ သင့်အတွက်အမှန်တကယ်အရေးမကြီးဘူး ဆိုရင် အဲဒီလူတွေကို ဂရုစိုက်မနေပါနဲ့။ အဲလိုလုပ်မယ့်အစား အီးမေးလ်ပြန်ဖို့၊ သင့်ဆီဝင်လာတဲ့ ဖုန်းတွေကို ပြန်ခေါ်ဖို့ အချိန်သပ်သပ်တစ်ခု ပေးထားပါ။

၉။ သင့် Business အတွက် မလိုအပ်ဘူးဆိုခဲ့ရင် Facebook လိုမျိုး Social Media တွေကို သင်အလုပ်လုပ် နေစဉ် အတွင်းမှာ ပိတ်ထားပါ။ အဲဒီအရာတွေ က သင့်အလုပ်ကို အလွန်အမင်းနှောက်ယှက်ပါတယ်။

၁၀။ တစ်နေ့တာအတွင်းမှာ သင်မျှော်မှန်းထားတာတွေအားလုံးပြီးဖို့ မလွယ်ဘူးဆိုတာကို မမေ့ပါနဲ့။ ၂၀ ရာခိုင်နှုန်းသော သင့်အတွေးတွေ၊ အလုပ်တွေ၊ စကားပြောဆိုတာတွေဟာ သင့်ရဲ့ ၈၀% သော လုပ်ငန်းရလဒ်များကို ဖြစ်ပေါ်စေတယ်ဆိုတာကိုလည်း သတိရပါ။

Leave a Reply

Your email address will not be published. Required fields are marked *